ကျွန်ုပ်ရဲ့ Facebook အတွင်းအပြင် လုပ်ဆောင်ချက်ကို အခြေခံပြီး ကျွန်ုပ်အပေါ် ကြော်ငြာတွေပစ်မှတ်ထ�
သင့်အား ပိုမိုကောင်းမွန်သော ကြော်ငြာများပြသရန်အတွက်၊ ကြော်ငြာသူများနှင့် အခြားပါတနာများမှ ကျွန်ုပ်တို့ကိုပံ့ပိုးပေးထားသည့် Facebook ကုမ္ပဏီ၏ ထုတ်ကုန်များပြင်ပမှ သင့်လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ Facebook ပြင်ပမှ သင်၏ လုပ်ဆောင်ချက်အပေါ် အခြေခံကာ သင်တွေ့မြင်နေသော ကြော်ငြာများကိုထိန်းချုပ်ရန် နည်းလမ်းအများအပြားကို ကျွန်ုပ်တို့ပေးအပ်ထားပါသည်။
သင်၏ ကြော်ငြာစိတ်ကြိုက်သတ်မှတ်ချက်များထဲမှ ကျွန်ုပ်တို့၏ ပါတနာများထံမှ အချက်အလက်များအပေါ်အခြေခံထားသော ကြော်ငြာများဆိုင်ရာဆက်တင်သည် သင့်အား ဤလုပ်ဆောင်ချက်အပေါ် ထိန်းချုပ်မှုပိုမိုရရှိစေပါသည်။ ၎င်းသည် Facebook ကုမ္ပဏီ၏ ထုတ်ကုန်များပြင်ပမှ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များအပေါ် သင်၏ အသုံးပြုမှုကို အခြေခံပြီး သင့်အား ကျွန်ုပ်တို့ ကြော်ငြာများပြသသည်/မပြသသည်ကို ထိန်းချုပ်ပေးပါသည်။ ထို့အပြင် သင်၏ အင်တာနက်ပြင်ပ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပါတနာများထံမှရရှိသော အချက်အလက်များအား အခြေခံထားသည့် ကြော်ငြာများအပေါ်တွင်လည်း ထိန်းချုပ်မှုရှိပါသည်။ ထိုရွေးချယ်မှုများကို သင်အချိန်မရွေး ပြန်လည်စိစစ်နိုင်ပါသည်။
ပါတနာများထံမှ ရရှိသော အချက်အလက်အပေါ် အခြေခံထားသည့် သင်၏ ကြော်ငြာဆက်တင်များကို ကြည့်ရှုရန် -
- Facebook ၏ ညာဖက်အပေါ်ထောင့်ရှိ
ကိုနှိပ်ပါ။
- အောက်သို့ဆွဲချ၍ ဆက်တင်များ ကို နှိပ်ပါ။
- ကြော်ငြာများသို့ ရွှေ့ဆွဲချပြီးကြော်ငြာဆိုင်ရာ စိတ်ကြိုက်သတ်မှတ်ချက်များကို ရွေးချယ်ပါ။
- ကြော်ငြာဆက်တင်များ > ပါတနာများထံမှ အချက်အလက်ကိုအခြေခံထားသည့် ကြော်ငြာများကို နှိပ်ပါ။
- မျက်နှာပြင်ပေါ်မှ အချက်အလက်ကို စိစစ်ပြီးနောက် ဤဆက်တင်အတွက် ရွေးချယ်မူတစ်ခု ပြုလုပ်ရန် ရှေ့ဆက်မည်ကိုနှိပ်ပါ။
သတိပြုရန် - ကျွန်ုပ်တို့သည် အွန်လိုင်း အပြုအမူအခြေခံသော ကြော်ငြာခြင်းအတွက် ကိုယ်တိုင်သတ်မှတ်ပြဌာန်းထားသော ကျင့်ဝတ်စည်းမျဉ်းများကို ထိန်းသိမ်းလိုက်နာထားပြီး ဒစ်ဂျစ်တယ် ကြော်ငြာခြင်းဆိုင်ရာမိတ်ဖက်၊ ကနေဒါနိုင်ငံ ဒစ်ဂျစ်တယ် ကြော်ငြာခြင်းဆိုင်ရာမိတ်ဖက် နှင့် ဥရောပ အပြန်အလှန်ဆက်သွယ်သော ဒစ်ဂျစ်တယ်ကြော်ငြာဆိုင်ရာမိတ်ဖက်တို့မှ ဖွဲ့စည်းထားသော ဖယ်ရှားခြင်းဆိုင်ရာ အစီအစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ပါသည်။ ဤဆိုက်များမှတဆင့် ပါဝင်ပတ်သက်သောကုမ္ပဏီများအားလုံးထံမှ သင်ထွက်ခွာနိုင်ပါသည်။
ဆက်စပ်ဆောင်းပါးများ