ဒေတာမူဝါဒ

အချက်အလက်ဆိုင်ရာ မူဝါဒ
ထိုမူဝါဒသည် Facebook၊ Instagram၊ Messenger၊ အခြားပစ္စည်းများနှင့် Facebook (Facebook ပစ္စည်းများသို့မဟုတ် ကုန်ပစ္စည်းများ)က ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကိုပံ့ပိုးရန် ကျွန်ုပ်တို့လုပ်ဆောင်သည့် အချက်အလက်များကို ဖော်ပြပါသည်။ နောက်ထပ် တူးလ်များနှင့် အချက်အလက်ကို Facebook ဆက်တင်များ နှင့် Instagram ဆက်တင်များတွင် ရှာတွေ့နိုင်ပါသည်။

၁။ မည်သည့်အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့က ကောက်ယူပါသလဲ။

Facebook ပစ္စည်းများကို ပံ့ပိုးရန် သင်နှင့်ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့လုပ်ဆောင်ရပါမည်။ ကျွန်ုပ်တို့ ကောက်ယူသည့်အချက်အလက် အမျိုးအစားများသည် ကျွန်ုပ်တို့ပစ္စည်းများကို သင်အသုံးပြုသော နည်းနာများတွင် မူတည်ပါသည်။ ကျွန်ုပ်တို့ကောက်ယူသော အချက်အလက်ထဲ ဝင်ခွင့်ရရန်နည်းနာနှင့် ဖျက်ရန်နည်းနာကို Facebook ဆက်တင်များ နှင့် Instagram ဆက်တင်များတွင် ဝင်ကြည့်ခြင်းဖြင့် လေ့လာနိုင်ပါသည်။
သင်နှင့် အခြားသူများ အသုံးပြုခြင်းနှင့် ပံ့ပိုးသည့်အကြောင်းအရာများ။
  • သင်ပေးအပ်ထားသည့် အချက်အလက်နှင့် အကြောင်းအရာ။ ကျွန်ုပ်တို့အနေဖြင့် သင်အကောင့်ဖွင့်သည့်အခါ၊ အကြောင်းအရာကိုဖန်တီးသည် သို့မဟုတ် မျှဝေသည့်အခါ၊ အခြားသူများနှင့် စာတိုပို့၍ ဆက်သွယ်သည့်အခါများအပါအဝင် ကျွန်ုပ်တို့၏ကုန်ပစ္စည်းများကို သင်အသုံးပြုသည့်အခါ သင်ပေးပို့ထားသည့် အကြောင်းအရာ၊ ဆက်သွယ်ရေးများနှင့် အခြားသောအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းပါသည်။ ၎င်းတွင် ဓာတ်ပုံတစ်ပုံ၏ တည်နေရာ သို့မဟုတ် ဖိုင်တစ်ဖိုင်ကို ဖန်တီးခဲ့သည့် (အညွှန်း)တို့ကို သင်ပေးပို့ထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်များ ထည့်သွင်းပေးထားပါသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ကင်မရာအဖြစ် ကျွန်ုပ်တို့ပံ့ပိုးသော ဝန်ဆောင်မှုများမှတစ်ဆင့် သင်မြင်ရသည့်အရာပါဝင်နိုင်သောကြောင့် အကြံပြုထားသောမျက်နှာဖုံးများနှင့် သင်နှစ်သက်နိုင်လောက်သည့် စစ်ထုတ်မှုများ သို့မဟုတ် ပုံတူစနစ်အသုံးပြုခြင်းနှင့်ပတ်သက်ပြီးအကြံဉာဏ်များသင့်ကိုပေးသကဲ့သို့ အကြောင်းအရာများကို ကျွန်ုပ်တို့လုပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏စနစ်သည် အကြောင်းအရာ၊ ဆက်စပ်အခြေအနေကိုခွဲခြမ်းစိတ်ဖြာရန် ပံ့ပိုးထားသောသင်နှင့် အခြားသူများသို့ ဆက်သွယ်မှုများ၊အောက်တွင် ဖော်ပြထားသောရည်ရွယ်ချက်များအတွက် ၎င်းတို့တွင်ဘာရှိသလဲဆိုသည်ကို အလိုအလျောက်လုပ်ဆောင်ပါသည်။ သင်မျှဝေ ထားသည်များကို ကြည့်ရှုနိုင်သူများအား ထိန်းချုပ်နိုငခြင်းတို့နှင့် ပတ်သက်၍ ပိုမိုလေ့လာကြည့်ပါ။
    • အထူးကာကွယ်မှုဖြင့် ဒေတာများ- သင့် Facebook ကိုယ်ရေးမှတ်တမ်းကွက်လပ်များတွင် အချက်အလက်များကို ပံ့ပိုးရန် သို့မဟုတ် သင့်ဘာသာရေးအမြင်များနှင့်ပတ်သက်သည့် ဘဝဖြစ်ရပ်များ၊ နိုင်ငံရေးအမြင်များ၊ ဘယ်သူကို သင် “စိတ်ဝင်စားသလဲ” သို့မဟုတ် သင့်ကျန်းမာရေးတို့ကို ပံ့ပိုးရန် သင်ရွေးချယ်နိုင်ပါသည်။ ၎င်းနှင့် အခြားအချက်အလက်(လူမျိုးရေး သို့မဟုတ် မူလဇာတိ၊ ဒဿနိကယုံကြည်မှုများ သို့မဟုတ် ကုန်သွယ်မှုအသင်းအဖွဲ့) တို့သည် ဥရောပသမ္မဂအောက်တွင် အထူးကာကွယ်မှုများအတွက် အကြောင်းအရာဖြစ်သည်။
  • ကွန်ရက်များနှင့် ချိတ်ဆက်မှုများ။ ကျွန်ုပ်တို့အနေဖြင့် သင်ဆက်သွယ်စေလိုပြီး လူများက သင်တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပြီး သင်စကားအများဆုံးပြောလိုသောသူတို့ကဲ့သို့ ကျွန်ုပ်တို့ထုတ်ကုန်များကို အသုံးပြုပြီး ၎င်းတို့နှင့် မည်ကဲ့သို့ ဆက်သွယ်မှုရှိစေရန် သင်နှင့် ဆက်သွယ်နေသည့်လူများ၊ စာမျက်နှာများ၊ အကောင့်များ၊ဟက်ရှ်ကုဒ်များ အဖွဲ့များ၏အချက်အလက်များကို ကောက်ခံထားပါသည်။ သင်သည်စက်ပစ္စည်းတစ်ခုမှနေ၍ (လိပ်စာစာအုပ် သို့မဟုတ် ခေါ်ဆိုမှုမှတ်တမ်း သို့မဟုတ် စာတို ပေးပို့မှုမှတ်တမ်းကဲ့သို့) အချက်အလက်များကို အပ်လုဒ်လုပ်ရန်၊ ချိန်ညှိရန် သို့မဟုတ် တင်ပို့ရန်သင်ရွေးပါကအဆက်အသွယ်အချက်အလက်က၎င်းကို သင်သိနိုင်လောက်သည့် လူများအား ရှာဖွေခြင်းဖြစ်၍ ၎င်းသည် သင်နှင့် အခြားသူများက သင်သိနိုင်သောသူများအား ကူညီရှာဖွေပေးခြင်းကဲ့သို့အရာများအတွက် အသုံးပြု၍အောက်တွင်လည်းအခြားရည်ရွယ်ချက်များကို စာရင်းသွင်းဖော်ပြထားပါသည်။
  • သင်၏အသုံးပြုမှု။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ကုန်ပစ္စည်းများကို အသုံးပြုပုံ ဥပမာအနေဖြင့် သင်ကြည့်ရှုသည့် သို့မဟုတ် သင်ပါဝင်ပတ်သက်နေသည့် အကြောင်းအရာအမျိုးအစား သို့မဟုတ် ဆက်စပ်အမျိုးအစားကဲ့သို့ သင်အသုံးပြုသည့် ဝန်ဆောင်မှုများ၊ သင်လုပ်ကိုင်သည့်လုပ်ဆောင်မှုများ၊ သင်အပြန်အလှန်တုံ့ပြန်သည့် လူများ သို့မဟုတ် အကောင့်များ၊ သင့်လုပ်ဆောင်မှု၏ အချိန်၊ ကြိမ်နှုန်းနှင့် ကြာမြင့်ချိန် အစရှိသည်တို့ကို သင်အသုံးပြုပုံနှင့်ပတ်သက်ပြီး အချက်အလက်များကို စုဆောင်းပါသည်။ ဥပမာအနေဖြင့် သင်သည် ကျွန်ုပ်တို့ထုတ်ကုန်အသစ်များကိုနောက်ဆုံးအသုံးပြုခဲ့ပြီး သင်အသုံးပြုနေခဲ့သော အချိန်ကို မှတ်တမ်းတင်ထား၍ မည်သည့်စာစုများ၊ ဗီဒီယိုများနှင့် အခြားအကြောင်းအရာများကိုလည်း မှတ်တမ်းတင်ထားပါသည်။ ကျွန်ုပ်တို့၏ကင်မရာကဲ့သို့ ဝန်ဆောင်မှုများကို သင်အသုံးပြုပုံနှင့်ပတ်သက်ပြီး အချက်အလက်များကိုလည်း ကျွန်ုပ်တို့စုစောင်းပါသည်။
  • ကျွန်ုပ်တို့ကုန်ပစ္စည်းများတွင် လုပ်ဆောင်ထားသည့် ရောင်းဝယ်ရေးနှင့် ပတ်သက်သည့် အချက်အလက်များ။ သင့်အနေဖြင့် ဝယ်ယူမှုများအတွက် သို့မဟုတ် ငွေကြေးတစ်စုံတစ်ရာလွှဲပေးမှုများ(ဂိမ်းတစ်ခုတွင် ဝယ်ယူမှုတစ်ခု သင်လုပ်ခဲ့သည့်အချိန် သိုမဟုတ် လှူဒါန်းမှု တစ်ခုသင်လုပ်ခဲ့သည့်အချိန်ကဲ့သို့)တို့အတွက် ကျွန်ုပ်တို့ ထုတ်ကုန်များကို သင်အသုံးပြုသည့်အခါ ဝယ်ယူမှု သို့မဟုတ ငွေလွှဲပေးမှုတစ်ခုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ခံပါသည်။ ၎င်းတွင် သင်၏အကြွေးဝယ်ကတ်နံပါတ် သို့မဟုတ် ငွေပေးချေသည့်ကတ်နံပါတ်နှင့် အခြားကတ်အချက်အလက်ဖြစ်သည့် အခြားအကောင့်အချက်အလက်များကဲ့သို့ စစ်မှန်ကြောင်းပြသသည့် အချက်အလက်နှင့် ငွေတောင်းခံခြင်း၊ ကုန်စည်ပို့ဆောင်ခြင်းနှင့် အကောင့်အသေးစိတ်များကဲ့သို့ ငွေပေးချေမှုအချက်အလက်များပါဝင်ပါသည်။
  • သင်နှင့်ပတ်သက်ပြီး အခြားသူများပြုလုပ်သည့် အကြောင်းအရာများနှင့် ၎င်းတို့ပံ့ပိုးသည့် အချက်အလက်များ။ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့ကျွန်ုပ်တို့ပစ္စည်းများကိုအသုံးပြုသည့်အခါ အခြားလူများပံ့ပိုးသည့် အကြောင်းအရာ၊ ဆက်သွယ်မှုများနှင့် အချက်အလက်များကို လက်ခံပြီး ခွဲခြမ်းစိတ်ဖြာပါသည်။ ၎င်းတွင် သင့်ဓာတ်ပုံတွင် အခြားသူများမျှဝေသည် သို့မဟုတ် မှတ်ချက်ပေးသည်၊ သင့်ထံ စာတိုပို့သည် သို့မဟုတ် သင့်ဆက်သွယ်ရန်အချက်အလက်ကို အပ်လုဒ်လုပ်သည်၊ ချိန်ညှိသည် သို့မဟုတ် ပြိုင်တူညှိသကဲ့သို့ သင်နှင့်ပတ်သက်သည့် ဆက်သွယ်ရန်အချက်အလက်များ ပါဝင်ပါသည်။

ကိရိယာ အချက်အလက်
အောက်ပါဖော်ပြချက်အရ ကွန်ပျူတာများ၊ ဖုန်းများ၊ ချိတ်ဆက်ထားသောတီဗီများ၊ ကျွန်ုပ်တို့ပစ္စည်းများဖြင့် ပူးပေါင်းသည့် သင်အသုံးပြုသော အခြားဝဘ်ချိတ်ဆက်ထားသည့် ကိရိယာများနှင့် ၎င်း၎င်း တို့နှင့်ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းပြီး သင်အသုံးပြုသည့် အခြားကိရိယာများမှတစ်ဆင့် ထိုအချက်အလက်များကို ကျွန်ုပ်တို့ပေါင်းစီးပါသည်။ ဥပမာအနေဖြင့် အကြောင်းအရာ(ကြော်ငြာများ) ကိုပိုကောင်းစွာစိတ်ကြိုက်ပြင်ဆင်ရန် သင့်ဖုန်းတွင် ကျွန်ုပ်တို့ပစ္စည်းအားသင်၏အသုံးပြုမှုနှင့်ပတ်သက်ပြီး စုဆောင်းထားသည့် အချက်အလက် သို့မဟုတ် သင့်လက်ပ်တော့ သို့မဟုတ် တဘ်ဘလက် (Taplet) ကဲ့သို့ အခြားကိရိယာတွင် ကျွန်ုပ်တို့ပစ္စည်းများကိုသင်အသုံးပြုသည့်အခါ သင်မြင်ရသည့် ဝန်ဆောင်မှုများ သို့မဟုတ် အခြားကိရိယာတွင် သင့်ဖုန်းပေါ်၌ သင့်ကိုကျွန်ုပ်တို့ပြသခဲ့သည့်ကြော်ငြာတစ်ခုကို တုံ့ပြန်မှုဖြင့် သင်လုပ်ဆောင်ချက်ယူသလားဆိုသည်ကို တိုင်းတာရန် ကျွန်ုပ်တို့အသုံးပြုပြုပါသည်။
ဤဝန်ဆောင်မှုများမှ ကျွန်ုပ်တို့ရရှိသည့် အချက်အလက်တွင် ပါဝင်သည်မှာ-
  • ကိရိယာအရည်အချင်းများ- ကွန်ပျူတာစက်လည်ပတ်ရေးစနစ်၊ စက်ပိုင်းဆိုင်ရာပစ္စည်းကိရိယာ နှင့် ကွန်ပျူတာပိုင်းဆိုင်ရာညွှန်ကြားချက်ဗားရှင်းများ၊ ဘတ်တထရီအားအနိမ့်အမြင့်၊ လိုင်းဆွဲအား၊ အသုံးပြုနိုင်သောသိုလှောင်နိုင်သောနေရာလွတ်၊ ဘရောင်ဇာအမျိုးအစား၊ အက်ပ်၊ ဖိုင်အမည်များ၊ အမျိုးအစားများနှင့် နောက်ထပ်အရန်များကဲ့သို့ အချက်အလက်များဖြစ်သည်။
  • ကိရိယာအော်ပရေးတင်းများ- ဝင်းဒိုးက အနီးမြင်ကွင်းမှာလား နောက်ခံမြင်ကွင်းမှာလား၊ သို့မဟုတ် မောက်လှုပ်ရှားမှုများ (လူသားများကို စက်ရုပ်မှ ခွဲထုတ်ရန် ကူပေးနိုင်သည်) ကဲ့သို့ ကိရိယာတွင် ဆောင်ရွက်သည့် အော်ပရေးတင်းများနှင့် အပြုအမူနှင့်သက်ဆိုင်သော အချက်အလက်။
  • စက်သတ်မှတ်သင်္ကေတများ- သင် အသုံးပြုသည့် ဂိမ်းများ၊ အက်ပ်များ သို့မဟုတ် အကောင့်များနှင့် မိသားစုကိရိယာ ID များ (သို့မဟုတ် ကိရိယာ သို့မဟုတ် အကောင့်တစ်ခုတည်းဖြင့် ဆက်စပ်လျက်ရှိသည့် Facebook ကုမ္ပဏီပစ္စည်းများ အတွက် သီးခြားဖြစ်သော အခြား စက်သတ်မှတ်သင်္ကေတများ) ကဲ့သို့ သီးခြား စက်သတ်မှတ်သင်္ကေတများ၊ ကိရိယာ ID များနှင့် အခြား စက်သတ်မှတ်သင်္ကေတများ။
  • ကိရိယာ အချက်လက်လိူင်းများ- ဘလူးတုသ် အချက်ပြလိုင်းအားများနှင့်၊ Wi-Fi ဝင်ခွင့်ပွိုင့်များ၊ ဘီကွန်များနှင့် ဆဲလ်တာဝါများနှင့် ပတ်သက်သည့် အချက်အလက်။
  • ကိရိယာဆက်တင်များမှ ဒေတာ-သင်၏ GPS တည်နေရာ၊ ကင်မရာ သို့မဟုတ် ဓာတ်ပုံများကဲ့သို့ သင်ဖွင့်ထားသော ကိရိယာဆက်တင်မှတစ်ဆင့် ကျွန်ုပ်တို့ လက်ခံရန် သင်ခွင့်ပြုသည့် အချက်အလက်။
  • ကွန်ရက်နှင့် ချိတ်ဆက်မှုများ- သင့်မိုဘိုင်းအော်ပရေတာ သို့မဟုတ် ISP ၏ အမည်၊ ဘာသာစကား၊ အချိန်ဇုန်၊ မိုဘိုင်းဖုန်းနံပါတ်၊ IP လိပ်စာ၊ ချိတ်ဆက်မှုမြန်နှုန်း၊ အချို့ကိစ္စများတွင် ကွန်ရက်အနီးနား သို့မဟုတ် ကွန်ရက်ပေါ်ရှိ အခြားကိရိယာများနှင့် ပတ်သက်သည့် အချက်အလက်ကဲ့သို့ အချက်အလက်၊ သို့ဖြစ်၍ ကျွန်ုပ်တို့က ဗီဒီယိုတစ်ကားကို သင့်ဖုန်းမှ TV သို့ စီးကြောင်းပို့ရန်အတွက် ကူညီပေးရန်ကဲ့သို့ အရာများကို ပြုလုပ်ပေးနိုင်ပါသည်။
  • ကွတ်ကီးဒေတာ-ကွတ်ကီး ID များနှင့် ဆက်တင်များအပါအဝင် သင့်ကိရိယာပေါ်တွင် သိုလှောင်ထားသော ကွတ်ကီးများမှ ဒေတာ။ Facebook ကွတ်ကီးမူဝါဒနှင့် Instagram ကွတ်ကီးမူဝါဒ တွင် ကွတ်ကီးများကို ကျွန်ုပ်တို့အသုံးပြုသောနည်းနာနှင့် ပတ်သက်၍ ပိုမိုလေ့လာပါ။

ပါတနာများထံမှ အချက်အလက်။
ကြော်ငြာသူများ၊အက်ပ်ဖန်တီးသူများနှင့် ဖြန့်ချိသူမျာသည် ၎င်းတို့အသုံးပြုသည့်Facebook လုပ်ငန်းကိရိယာများမှတစ်ဆင့်ကျွန်ုပ်တို့ထံ အချက်အလက်ပေးပို့နိုင်ပြီး ကျွန်ုပ်တို့၏လူမှုရေးပလက်အင်(နှစ်သက်ရန်ခလုတ်ကဲ့သို့)၊ Facebook လော့ဂ်အင်၊ ကျွန်ုပ်တို့၏API များနှင့် SDK များ သို့မဟုတ် Facebook ပစ်ဇယ်တို့ပါဝင်ပါသည်။ ထိုပါတနာများသည် သင့်ကိရိယာနှင့်ပတ်သက်သည့်အချက်၊ ဝင်ကြည့်သည့်ဝဘ်ဆိုက်၊ သင့်ဝယ်ယူမှုများ သင်ကြည့်သည့်ကြော်ငြာများ၊ ၎င်း၎င်းတို့၏ဝန်ဆောင်မှုကိုသင်အသုံးပြုပုံ၊ သင့်တွင် Facebook အကောင့်ရှိသလား သို့မဟုတ် Facebook သို့လော့ဂ်အင်ဝင်ထားသလားအပါအဝင် Facebook ကိုပိတ်ထားသည့် သင့်လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချက်အလက်များကို ပံ့ပိုးပါသည်။ ဥပမာအားဖြင့် ဂိမ်းထုတ်လုပ်သူသည် သင်မည်သည့်ဂိမ်းကစားသည်ဆိုသည်ကို ကျွန်ုပ်တို့အားပြောပြရန် ကျွန်ုပ်တို့၏ API ကိုအသုံးပြုနိုင်သည် သို့မဟုတ် လုပ်ငန်းတစ်ခုသည် ၎င်းစတိုးတွင် သင်ဝယ်ခဲ့သည့်ဝယ်ယူမှုတစ်ခုအကြောင်း ကျွန်ုပ်တို့ကို ပြောပြနိုင်သည်။ သင်၏အွန်လိုင်းအော့ဖ်လိုင်းလုပ်ဆောင်ချက်များနှင့် သင်၏အချက်အလက်နှင့် ကျွန်ုပ်တို့ကိုပံ့ပိုးရန် အခွင့်အရေးရှိသည့် တတိယကြားခံအဖွဲ့ဒေတာပံ့ပိုးသူထံမှ ဝယ်ယူမှုများနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ကျွန်ုပ်တို့လက်ခံရရှိပါသည်။
ပါတနာများသည် ၎င်းတို့ဝန်ဆောင်မှုများကို သင်ဝင်ကြည့်သည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ သို့မဟုတ် ထိုအရာနှင့်၎င်းတို့အလုပ်လုပ်သည့် တတိယကြားခံအဖွဲ့ထံမှ သင့်ဒေတာကို လက်ခံရရှိပါသည်။ ကျွန်ုပ်တို့အား ဒေတာမပေးမီ အဆိုပါပါတနာ တစ်ဦးချင်းစီတွင် သင့်ဒေတာကို ကောက်ယူရန်၊ အသုံးပြုရန်နှင့် မျှဝေရန် တရားဝင်အခွင့်အရေးများ ရှိထားဖို့ ကျွန်ုပ်တို့က အလိုရှိပါသည်။ ၎င်း၎င်း မှဒေတာကို ကျွန်ုပ်တို့လက်ခံသည့် ပါတနာအမျိုးအစားနှင့်ပတ်သက်ပြီးပိုမိုလေ့လာပါ
လုပ်ငန်းတူးလ်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့က ကွတ်ကီးများ အသုံးပြုသည့်နည်းနာကို နောက်ထပ်လေ့လာရန်၊ Facebook ကွတ်ကီးများမူဝါဒနှင့် Instagram ကွတ်ကီးများမူဝါဒတို့ကို ပြန်ဆန်းစစ်ပါ။


၂။ ကျွန်ုပ်တို့က အဆိုပါအချက်အလက်ကို ဘယ်လိုအသုံးပြုသလဲ။

အောက်တွင်ဖော်ပြထားမှုအဖြစ်(သင်လုပ်သည်ကိုရွေးချယ်ရန်အကြောင်းအရာ) ကျွန်ုပ်တို့တွင်ရှိသည့် အချက်အလက်ကိုအသုံးပြုသလို Facebook ပစ္စည်းများနှင့် Facebook စည်းမျဉ်းများနှင့် Instagram စည်းမျဉ်းများတွင် ဖော်ပြထားသော ဆက်စ်ဝန်ဆောင်မှုများကို ပံ့ပိုးရန်နှင့်ထောက်ပံ့ရန်လည်း အချက်အလက်ကိုအသုံးပြုပါသည်။ ဤနေရာတွင် ဘယ်လိုလဲ-
ကျွန်ုပ်တို့၏ထုတ်ကုန်များကို ပံ့ပိုးပါ၊ စိတ်ကြိုက်ပြင်ဆင်ပြီး မြှင့်တင်ပါ။
လုပ်ဆောင်ချက်များနှင့် အကြောင်းအရာများ (သင်၏ သတင်းစဉ်Instagram သတင်းစဉ်၊ Instagram စတိုရီများနှင့် ကြော်ငြာများအပါအဝင်) ကို စိတ်ကြိုက်သတ်မှတ်ရန်အပါအဝင် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများကို ဖော်ဆောင်ရန်အပြင် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများပေါ်နှင့် ကုန်ပစ္စည်းများ၏ ပြင်ပတွင် သင့်အတွက် အကြံပြုချက်များ (သင်စိတ်ဝင်စားဖွယ်ရှိသည့် အဖွဲ့များ သို့မဟုတ် ပွဲအစီအစဉ်များ သို့မဟုတ် သင်သတင်းလိုက်လိုဖွယ်ရှိသည့် ခေါင်းစဉ်များကဲ့သို့) ကို ပေးအပ်ရန်အတွက် ကျွန်ုပ်တို့တွင်ရှိသော အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ သင်နှင့်ဆက်စပ်ပြီး တစ်မူထူးခြားသည့် ကိုယ်ပိုင်ပုံစံပြုပစ္စည်းများကို ဖန်တီးရန်၊ ကျွန်ုပ်တို့သည် သင်နှင့်အခြားသူများထံမှ ကျွန်ုပ်တို့ ကောက်ယူပြီး လေ့လာထားသည့် ဒေတာ (သင်က ပြည့်စုံစွာ ဖော်ပြထားသည့် ကျေနပ်သဘောတူချက် ပေးထားတဲ့နေရာမျိုးတွင် သင်မှ စီစဉ်ပေးရန် ရွေးချယ်ထားသော အထူးကာကွယ်မှုများ ရှိထားသည့် ဒေတာ မှန်သမျှ အပါအဝင်) ကို အခြေခံသော သင်၏ ချိတ်ဆက်မှုများ၊ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် လုပ်ဆောင်မှုများ၊ ကျွန်ုပ်တို့၏ ပစ္စည်းများ သင် အသုံးပြုသောနည်းနာနှင့် ပြန်လှန်အကျိုးပြုပုံများ နှင့်၊ ကျွန်ုပ်တို့ပစ္စည်းများအား သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ၎င်းတို့ဖြင့် သင် ချိတ်ဆက်ပြီး စိတ်ဝင်စားမှုရှိသည့် လူများ၊ နေရာများ သို့မဟုတ် အရာပစ္စည်းများကို အသုံးပြုပါသည်။ Facebook ကုန်ပစ္စည်းများရှိ ဝန်ဆောင်မှုများ၊ အကြောင်းအရာနှင့် အကြံပြုချက်များအပါဝင် သင်၏ Facebook နှင့် Instagram သုံးစွဲမှုအတွေ့အကြုံကိုစိတ်ကြိုက်ပြင်ဆင်ရန် သင်နှင့်ပတ်သက်သည့်အချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်ပြီး ပိုမို့လေလာပါ၊ သင်မြင်ရသည့် ကြော်ငြာများကို ကျွန်ုပ်တို့ရွေးချယ်ပုံနှင့်ပတ်သက်ပြီးလည်း သင်ပိုမိုလေ့လာနိုင်ပါသည်။
  • Facebook ပစ္စည်းများနှင့် ကိရိယာများမှ အချက်အလက်များ- ကျွန်ုပ်တို့အနေဖြင့် မတူညီသည့် Facebook ပစ္စည်းများပေါ်ရှိ သင့်လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချက်အလက်မျာကို ရွေးချယ်သလို ပစ္စည်းများကို သင်ဘယ်နေရာအသုံးပြုသည်ဖြစ်စေ သင်အသုံးပြုသည့် Facebook ပစ္စည်းများအားလုံးပေါ်တွင် ပိုမိုအံ့ဝင်ပြီး ကိုက်ညီသောသုံးစွဲမှုအတွေ့အကြုံကို ပံ့ပိုးရန် ကိရိယာများကို ချိတ်ဆက်ပါသည်။ ဥပမာအနေဖြင့် Instagram တွင်သင်သတင်းလိုက်လူများပါဝင်သည် သို့မဟုတ် Messenger အသုံးပြုပြီး ဆက်သွယ်သည့် Facebook ရှိ အဖွဲ့သို့ သင်ပါဝင်သည်ကို ကျွန်ုပ်တို့ အကြံပြုနိုင်ပါသည်။ သင့်သုံးစွဲမှုအတွေ့အကြုံကိုလည်း ပို၍စဉ်ဆက်မပြတ်စေရန် ကျွန်ုပ်တို့လုပ်နိုင်ပါသည်။ ဥပမာအနေဖြင့် မတူညီသည့် ပစ္စည်းပေါ်တွင် အကောင့်တစ်ခုအတွက် သင်အကောင့်ဖွင့်သည့်အခါ Facebook ပစ္စည်းတစ်ခုမှ သင်၏မှတ်ပုံတင်ထားသော အချက်အလက်(သင့်ဖုန်းနံပါတ်ကဲ့သို့) ကိုအလိုအလျောက်ဖြည့်ပေးခြင်းဖြစ်သည်။
  • တည်နေရာနှင့် ဆက်စပ်နေသော အချက်အလက်များ- ကျွန်ုပ်တို့သည် -သင်၏လက်ရှိတည်နေရာ၊ သင်နေထိုင်သည့်နေရာ၊ သင်သွားချင်သည့်နေရာ နှင့်၊ သင့်အနီးရှိ လုပ်ငန်းများနှင့် လူများကဲ့သို့- တည်နေရာ-ဆိုင်ရာ အချက်အလက် ကို သင်နှင့် အခြားသူများအတွက် ကျွန်ုပ်တို့၏ ပစ္စည်းများ ကြော်ငြာများ အပါအဝင်, ကို စီစဉ်ပေးရန်၊ ကိုယ်ပိုင်ပုံစံပြုရန်နှင့် ပိုကောင်းအောင်လုပ်ရန် အသုံးပြုပါသည်။ တည်နေရာနှင့်ဆက်စပ်သည့်အချက်အလက်သည် ရှင်းလင်းတိကျသောကိရိယာမှတ်တမ်း(၎င်းကိုစုဆောင်းရန်ကျွန်ုပ်တို့ကိုသင်ခွင့်ပြုပါက)၊ IP လိပ်စာများ၊ သင်နှင့် အခြားသူများ၏ Facebook ပစ္စည်းအသုံးပြုမှု(ရောက်ရှိစစ်ဆေးမှုများ သို့မဟုတ် သင်တို့တက်ရောက်သကဲ့သို့) မှ အချက်အလက်ကဲ့သို့ အကြောင်းအရာများပေါ်အခြေခံ၍ ဖြစ်နိုင်ပါသည်။
  • ထုတ်ကုန်သုတေသနနှင့် တီထွင်မှု- ကျွန်ုပ်တို့သည် စစ်တမ်းသုတေသနနှင့် ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုအသစ်များကို စမ်းသပ်ပြီးပြစ်ချက်ရှာဖွေပေးခြင်းတို့ကို စီမံဆောင်ခြင်းအပါအဝင် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ချဲ့ထွင်ရန်၊ စမ်းသပ်ရန်နှင့် မြှင့်တင်ရန် အချက်အလက်များကို အသုံးပြုပါသည်။
  • မျက်နှာမှတ်မိခြင်း- ၎င်းကိုသင်ဖွင့်ထားပါက ကျွန်ုပ်တို့သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ကင်မရာအသုံးပြုမှုများဖြင့် သင့်ကိုမှတ်မိစေရန် မျက်နှာမှတ်မိခြင်နည်းပညာကို အသုံးပြုပါသည်။ ကျွန်ုပ်တို့ဖန်တီးထားသော မျက်နှာမှတ်မိနည်း တမ်းပလိတ်ပုံစံသည် ဥရောပသမဂ္ဂအောက်ရှိ အထူးကာကွယ်မှုများ ရှိထားသည့်ဒေတာ ဖြစ်သည်။ ကျွန်ုပ်တို့ မျက်နှာမှတ်မိခြင်းနည်းပညာအသုံးပြုပုံ သို့မဟုတ် Facebook ဆက်တင် တွင် ထိုနည်းပညာအသုံးပြုမှုကို ထိန်းချုပ်ပုံတို့နှင့်ပတ်သက်ပြီး ပိုမိုလေ့လာပါ။ ကျွန်ုပ်တို့အနေဖြင့် သင်၏Instagram သုံးစွဲမှုအတွေ့အကြုံသို့ မျက်နှာမှတ်မိခြင်းနည်းပညာကို မိတ်ဆက်ပါက သင့်ကို ပထမဆုံးအသိပေးမည်ဖြစ်ပြီး သင့်အတွက် ထိုနည်းပညာကို ကျွန်ုပ်တို့ အသုံးပြုသလားဆိုသည့် ထိန်းချုပ် မှုအားလုံးကိုသင်ရရှိပါလိမ့်မည်။
  • ကြော်ငြာများနှင့် အခြားပံ့ပိုးထားသော အကြောင်းအရာများ- ကျွန်ုပ်တို့အနေဖြင့် သင့်အားပြသသည့် ကြော်ငြာများကိုရွေးချယ်ပြီး စိတ်ကြိုက်ပြင်ဆင်ရန်နှင့် အခြားပံ့ပိုးထားသောအကြောင်းအရာများကို ကမ်းလှမ်းရန် သင့်စိတ်ဝင်စားမှုများ၊ လုပ်ဆောင်မှုများနှင့် ချိတ်ဆက်မှုများနှင့်ပတ်သက်သည့် အချက်အလက်အပါအဝင် သင်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့တွင်ရှိသည့် အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ ကျွန်ုပ်တို့က ကြော်ငြာများကို ရွေးချယ်ပြီး ကိုယ်ပိုင်ပုံစံပြုလုပ်သည့်နည်းနာ နှင့် Facebook ဆက်တင်များနှင့် Instagram ဆက်တင်များ ရှိ သင့်အတွက် ကြော်ငြာများနှင့် စပွန်ဆာပေးထားသော အခြားအကြောင်းအရာများအား ရွေးချယ်ရာတွင် ကျွန်ုပ်တို့အသုံးပြုသည့် ဒေတာအပေါ် သင်၏ရွေးပိုင်ခွင့်နှင့် ပတ်သက်၍ ပိုမိုလေ့လာပါ။

တိုင်းတာမှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် အခြားလုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပါ။
ကျွန်ုပ်တို့သည် (သင်ဝင်ကြည့်သည့်ဝဘ်ဆိုက်များနှင့် သင်မြင်သည့်ကြော်ငြာများကဲ့သို့ ကျွန်ုပ်တို့ထုတ်ကုန်များကိုပိတ်ထားသည့် သင့်လုပ်ဆောင်ချက်အပါအဝင်) ကြော်ငြာသူများ၊ အခြားပါတနာများ ၎င်းတို့၏ကြော်ငြာများနှင့် ဝန်ဆောင်မှုများ၏ထိထိရောက်ရောက်အကျိုးရှိမှုနှင့် ဖြန့်ဝေမှုတိုင်းတာရန်၊ ၎င်းတို့ဝန်ဆောင်မှုများကိုအသုံးပြုသည့် လူအမျိုးအစားကိုနည်းလာရာနှင့် ၎င်းတို့ဝဘ်ဆိုက်များ၊ အက်ပ်များနှင့် ဝန်ဆောင်မှုများကို လူများဘယ်လိုအပြန်အလှန်တုံ့ပြန်သလဲဆိုသည်တို့ကို ကျွန်ုပ်တို့ကူညီရမည့် အချက်အလက်များကို အသုံးပြုပါသည်။ အဆိုပါပါတနာများနှင့်ကျွန်ုပ်တို့ အချက်အလက် မျှဝေသောနည်းနာကို လေ့လာပါ

ဘေးကင်းမှု၊ တည်တံ့ခိုင်မြဲမှုနှင့် လုံခြုံရေးတို့ကို ကြော်ငြာပါ။
ကျွန်ုပ်တို့သည် အကောင့်များ၊ လုပ်ဆောင်ချက်များ၊ အန္တရာယ်ရှိသောအပြုအမူခြေဖျက်မှု၊ အမှိုက်စာကို တားဆီးမှု၊အခြားဆိုးရွားသောသုံးစွဲမှုအတွေ့အကြုံများ၊ ကျွန်ုပ်တို့ထုတ်ကုန်များ၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းမှု၊ ရံဖန်ရံခါ Facebook ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုကို ကြော်ငြာရန် ကျွန်ုပ်တို့အတည်ပြုရမည့် အချက်အလက်ကို အသုံးပြုပါသည်။ ဥပမာ မသင်္ကာဖွယ် လုပ်ဆောင်ချက်၊ ကျွန်ုပ်တို့၏စည်းကမ်းချက်များ သို့မဟုတ် မူဝါဒများ ချိုးဖောက်မှုများ သို့မဟုတ် တစ်ဦးဦး အကူအညီလိုအပ်သည့်အခါ ရှာဖွေထောက်လှမ်းရန် ကျွန်ုပ်တို့၌ရှိသော ဒေတာကို အသုံးပြုပါသည်။ ပိုမိုလေ့လာရန် Facebook လုံခြုံရေးအကူအညီစင်တာ နှင့် Instagram လုံခြုံရေးဆိုင်ရာအကြံပြုချက်များသို့ ဝင်ကြည့်ပါ။

သင့်ကိုဆက်သွယ်ခြင်း။
ဈေးကွက်ဆက်သွယ်မှုများ ပို့ရန်၊ ကျွန်ုပ်တို့ပစ္စည်းများနှင့် ပတ်သက်၍ သင့်အား ဆက်သွယ်ရန် နှင့်၊ ကျွန်ုပ်တို့၏ မူဝါဒများနှင့် စည်းကမ်းချက်များနှင့် ပတ်သက်၍ သင့်အား အသိပေးရန်အတွက် ကျွန်ုပ်တို့၌ရှိသော အချက်အလက်ကို အသုံးပြုပါသည်။ ကျွန်ုပ်တို့အား သင် ဆက်သွယ်သည့်အခါ သင့်ကိုတုံ့ပြန်သည့် သင့်အချက်အလက်ကိုလည်း ကျွန်ုပ်တို့အသုံးပြုပါသည်။

လူမှုရေးပစ္စည်းများကို သုတေသနလုပ်ခြင်းနှင့် တီထွင်ခြင်း။
ကျွန်ုပ်တို့သည် လူမှုဖူလုံရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး၊ လူအများအကျိုးစီးပွား၊ ကျန်းမာရေးနှင့် သုခချမ်းသာတို့ဖြင့်ဆိုင်သော ခေါင်းစဉ်များတွင် သုတေသန နှင့် ဆန်းသစ်တီထွင်မှုတို့ကို ဆောင်ရွက်ရန်နှင့် ပံ့ပိုးပေးရန် ကျွန်ုပ်တို့၌ရှိသော အချက်အလက် (ကျွန်ုပ်တို့ဖြင့် ပူးတွဲဆောင်ရွက်သည့် သုတေသနပါတနာများထံမှ အပါအဝင်) ကို အသုံးပြုပါသည်။ ဥပမာအနေဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ချက်များကို ကူညီရန် ဘေးအန္တရာယ် ကာလအတွင်း ရွှေ့ပြောင်းပုံစံနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့တွင်ရှိသည့် အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာပါသည်။ ကျွန်ုပ်တို့၏ သုတေသနအစီအစဉ်များနှင့်ပတ်သက်ပြီးပိုမိုလေ့လာပါ။


၃။ ဤအချက်အလက်ကို ဘယ်လိုမျှဝေပါသလဲ။

သင့်အချက်အလက်ကို အောက်ပါနည်းလမ်းဖြင့် အခြားသူများနှင့် မျှဝေပါသည်-
Facebook ပစ္စည်းများတွင် မျှဝေသည့်
သင်ဖြန့်ဝေပြီး ဆက်သွယ်သည့် လူများနှင့် အကောင့်များ
ကျွန်ုပ်တို့၏ပစ္စည်းများ အသုံးပြုပြီး သင်မျှဝေ ဆက်သွယ်သောအခါ၊ သင်မျှဝေသော အရာအတွက် ပရိသတ် ရွေးချယ်ပါ။ ဥပမာ Facebook တွင် သင်စာစုတင်သည့်အခါ အဖွဲ့၊ သင့်သူငယ်ချင်းအားလုံး၊ အများမြင် သို့မဟုတ် စိတ်ကြိုက်သတ်မှတ်ထားသော လူစာရင်းကဲ့သို့ စာစုအတွက် ပရိသတ်ကို ရွေးချယ်ပါ။ အလားတူပင် လူများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများဖြင့် ဆက်သွယ်ရန် Messenger သို့မဟုတ် Instagram ကို သင်အသုံးပြုသည့်အခါ၊ အဆိုပါလူများနှင့် စီးပွားရေးလုပ်ငန်းများက သင်ပေးပို့လိုက်သည့် အကြောင်းအရာကို မြင်နိုင်ပါသည်။ သင့်ကွန်ရက်တွင် ကြော်ငြာများနှင့် စပွန်ဆာပေးထားသော အကြောင်းအရာဖြင့် ချိတ်ဆက်ဆောင်ရွက်မှုအပါအဝင် ကျွန်ုပ်တို့၏ပစ္စည်းများဖြင့် သင်ဆောင်ရွက်ထားသည့် လုပ်ဆောင်ချက်များကို မြင်နိုင်ပါသည်။ ကျွန်ုပ်တို့ အခြားအကောင့်များ၏ Facebook သို့မဟုတ် Instagram စတိုရီများကို ကြည့်ထားသည့် ၎င်းတို့ကို မြင်ခွင့်ပေးပါသည်။
အများမြင်အချက်အလက်ကို အကောင့်မရှိသူများ အပါအဝင် ကျွန်ုပ်တို့၏ ပစ္စည်း၌ဖြစ်စေ ပစ္စည်းပြင်ပ၌ဖြစ်စေ မည်သူမဆို မြင်နိုင်ပါသည်။ ၎င်းတွင် သင်၏ Instagram အသုံးပြုသူအမည်၊ အများမြင်ပရိသတ်များနှင့် သင်မျှဝေသည့် အချက်အလက်တိုင်း၊ သင်၏Facebook ပေါ်ရှိ အများမြင် ကိုယ်ရေးမှတ်တမ်း မှ အချက်အလက်၊ Facebook စာမျက်နှာတွင် သင်မျှဝေသည့် အကြောင်းအရာ၊အများမြင် Instagram အကောင့် သို့မဟုတ် Facebook Marketplace ကဲ့သို့ အခြားအများမြင်ဖိုရမ်တို့ ပါဝင်ပါသည်။ သင်၊ အခြားလူများသည် Facebook နှင့် Instagram ကိုအသုံးပြုပြီးကျွန်ုပ်တို့သည် အခြား Facebook ကုမ္ပဏီထုတ်ကုန်များဖြင့်၊ ရှာဖွေမှုရလဒ်များဖြင့် သို့မဟုတ် တူးလ်များနှင့် API များမှတစ်ဆင့်အပါအဝင် ရံဖန်ရံခါ ကျွန်ုပ်တို့ထုတ်ကုန်များကို လူတိုင်းသို့ အများဆိုင်ရာအချက်အလက်ကို ဝင်သုံးရန်ပံ့ပိုးနိုင်သည် သို့မဟုတ် ပေးပို့နိုင်သည်။ အများဆိုင်အချက်အလက်များကိုလည်း ရှာဖွေမှုအင်ဂျင်များ၊ API များနှင့် တီဗီကဲ့သို့ အော့ဖ်လိုင်းမီဒီယာကဲ့သို့ တတိယကြားခံအဖွဲ့အစည်းဝန်ဆောင်မှုများမှတစ်ဆင့် မြင်နိုင်သည်၊ ဝင်သုံးနိုင်သည်၊ ပြန်မျှဝေနိုင်သည် သို့မဟုတ် ဒေါင်းလုဒ်လုပ်နိုင်သည်။
မည်သည့်အရာက အများမြင်အချက်အလက် ဖြစ်သလဲ၊ Facebookနှင့်Instagramတွင် သင်၏မြင်မှုအသွင်ကို ဘယ်လို ထိန်းချုပ်မလဲ ဆိုသည်နှင့်နှင့်ပတ်သက်၍ ပိုမိုလေ့လာပါ။
သင်နှင့်ပတ်သက်ပြီး အခြားသူများ ဖြန့်ဝေသည် သို့မဟုတ် ပြန်ဖြန့် ဝေသည့် အကြောင်းအရာ
ကျွန်ုပ်တို့ပစ္စည်းပေါ်ရှိ သင့်လုပ်ဆောင်ချက်ကို မြင်နိုင်သူများက ၎င်းအား သင်မျှဝေထားသည့်ပရိသတ် ပြင်ပရှိ လူများနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် ကျွန်ုပ်တို့ပစ္စည်း၌ ကျွန်ုပ်တို့ပစ္စည်းပြင်ပ၌ ရှိနေသူများကို မျှဝေရန် ရွေးချယ်နိုင်သောကြောင့် သင်မျှဝေမည့်လူများကို စဉ်းစားသင့်သည်။ ဥပမာအနေဖြင့် သတ်မှတ်ထားသည့်သူငယ်ချင်းများ သို့မဟုတ် အကောင့်များကို စာစုကို သင် ဖြန့်ဝေသည့်အခါ သို့မဟုတ် စာတိုပို့သည့်အခါ ၎င်းတို့သည် ဒေါင်းလုဒ်လုပ်နိုင်သည်၊ စခရင်ဓာတ်ပုံရိုက်နိုင်သည်၊ Facebook နေရာလွတ်များ ကဲ့သို့လူပုဂ္ဂိုလ်ဖြင့်ဖြစ်စေ သို့မဟုတ် သုံးစွဲမှုအတွေ့အကြုံနီးပါးဖြင့် ရံဖန်ရံခါ ကျွန်ုပ်တို့၏ထုတ်ကုန်များမှတစ်ဆင့် အခြားသူများသို့ အကြောင်းအရာများကို ပြန် ဖြန့် ဝေနိုင်သည်။ အခြားတစ်စုံတစ်ဦး၏ စာစုတွင် သင်မှတ်ချက်ပေးသည့်အခါ သို့မဟုတ် ၎င်းတို့၏အကြောင်းအရာသို့ သင်တုံ့ပြန်သည့်အခါ သင့်မှတ်ချက် သို့မဟုတ် တုံ့ပြန်မှုကို အခြားလူများ၏အကြောင်းအရာကိုမြင်နိုင်သည့် လူများမြင်နိုင်ပြီး ထိုလူများသည် နောက်ပိုင်းတွင် ပရိသတ်များကို ပြောင်းလဲနိုင်သည်။
လူများသည် ၎င်းတို့ရွေးချယ်သည့် ပရိသတ်များဖြင့် သင်နှင့်ပတ်သက်သည့် အကြောင်းအရာကို ဖန်တီးရန်နှင့် မျှဝေရန်အတွက်လည်း ကျွန်ုပ်တို့၏ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ ဥပမာ လူများသည် စတိုရီတွင် သင်၏ဓာတ်ပုံကို မျှဝေနိုင်သည်၊ စာစုရှိနေရာတွင် သင့်ကို ဖော်ပြနိုင်သည် သို့မဟုတ် အမည်ကဒ်ချိတ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့၏စာစုများ သို့မဟုတ် စာတိုများတွင် သင်နှင့်ပတ်သက်သည့် အချက်အလက်ကို မျှဝေနိုင်သည်။ သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ပစ္စည်းများတွင် မျှဝေထားသော အခြားသူများနှင့် သင်အဆင်မပြေပါက အကြောင်းအရာ ရီပို့တင်ပြရန်နည်းနာကို လေ့လာနိုင်သည်။
ကျွန်ုပ်တို့ထုတ်ကုန်ရှိ သင့်လုပ်ဆောင်ချက်အခြေအနေများ သို့မဟုတ် တာဝန်နှင့်ပတ်သက်သည့် အချက်အလက်။
သင့်ကွန်ရက်ထဲရှိ လူများသည် သင့်က InstagramMessenger၊ Facebook တွင် လောလောဆယ် သင်၏ သက်ဝင်ချိန်ဟုတ်မဟုတ်၊ သို့မဟုတ် ကျွန်ုပ်တို့ပစ္စည်းကို သင် နောက်ဆုံးအသုံးပြုချိန်တို့ အပါအဝင် ကျွန်ုပ်တို့ပစ္စည်းများတွင် သင်၏ သက်ဝင်ချိန်ဟုတ်မဟုတ် ၎င်းတို့အား ပြောပြနိုင်သော သင်္ကေတများကို မြင်နိုင်ပါသည်။
အက်ပ်များ၊ ဝဘ်ဆိုက်များနှင့် တတိယကြားခံအဖွဲ့အစည်းပေါင်းစည်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ထုတ်ကုန်များအသုံးပြုခြင်း။
သင်က တတိယပါတီအက်ပ်များ၊ ဝဘ်ဆိုက်များ၊ သို့မဟုတ် ကျွန်ုပ်တို့ဝန်ဆောင်မှုများကို အသုံးပြုသော သို့မဟုတ် ၎င်းဖြင့်ပေါင်းစည်းထားသော အခြားဝန်ဆောင်မှုများကို အသုံးပြုရန် ရွေးချယ်ပါက၊ ၎င်းတို့သည် သင် စာစုတင်လိုက်သော သို့မဟုတ် မျှဝေလိုက်သော အရာနှင့်ပတ်သက်သည့် အချက်အလက်ကို လက်ခံရရှိနိုင်ပါသည်။ ဥပမာ သင်၏ Facebook သူငယ်ချင်းများနှင့် ဂိမ်းကစားသည့်အခါ သို့မဟုတ် ဝဘ်ဆိုက်ရှိ Facebook မှတ်ချက် သို့မဟုတ် မျှဝေခလုတ်ကို အသုံးပြုသည့်အခါ၊ ဂိမ်းဖန်တီးသူ သို့မဟုတ် ဝဘ်ဆိုက်က ဂိမ်းထဲရှိ သင့်လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချက်အလက်ကို လက်ခံရရှိနိုင်သည် သို့မဟုတ် Facebook ပေါ်ရှိဝဘ်ဆိုက်မှ သင်မျှဝေသည့် မှတ်ချက် သို့မဟုတ် လင့်ခ်ကို လက်ခံရရှိနိုင်ပါသည်။ တတိယကြားခံအဖွဲ့အစည်းဝန်ဆောင်မှုများကို သင်ဒေါင်းလုဒ်သည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ ၎င်းတို့သည် Facebook တွင် သင်၏အများသုံးကိုယ်ရေးမှတ်တမ်းကို ဝင်သုံးနိုင်ပြီး ၎င်းတို့နှင့်သင်မျှဝေသည့် အချက်အလက်မှန်သမျှကိုလည်း အသုံးပြုနိုင်ပါသည်။ သင်အသုံးပြုသော အက်ပ်များနှင့် ဝဘ်ဆိုက်များတွင် ၎င်းအား သင့်သူငယ်ချင်းများဖြင့် မျှဝေရန် ရွေးချယ်ပါက သင်၏ Facebook သူငယ်ချင်းများစာရင်းကို လက်ခံရရှိနိုင်ပါသည်။ သို့သော် သင်အသုံးပြုသည့် အက်ပ်များနှင့် ဝဘ်ဆိုက်များတွင် သင့်ထံမှ Facebook သူငယ်ချင်းများနှင့်ပတ်သက်သော အချက်အလက်၊ သို့မဟုတ် သင်၏ Instagram သတင်းလိုက်သူများနှင့်ပတ်သက်သော အချက်အလက် (သင့်သူငယ်ချင်းများနှင့် သတင်းလိုက်သူများက ၎င်းတို့ကိုယ်တိုင် အဆိုပါအချက်အလက်ကို မျှဝေရန် တကယ် ရွေးချယ်လိုက်သော်ငြားလည်း) ကို လက်ခံရရှိမည်မဟုတ်ပါ။ တတိယကြားခံအဖွဲ့အစည်းဝန်ဆောင်မှုမှ စုဆောင်းထားသော အချက်အလက်သည် ၎င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများနှင့် မူဝါဒများအတွက် အကြောင်းအရာဖြစ်ပြီး ထိုတစ်ခုအတွက်မဟုတ်ပါ။
Facebook နှင့် Instagram တို့၏ မူလဗားရှင်း (ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ပထမပါတီအက်ပ်များကို ပြုလုပ်မထားသည့်နေရာ) ကို စီစဉ်ပေးသော ကိရိယာများနှင့် အော်ပရေတင်းစနစ်များသည် သင့်သူငယ်ချင်းများဖြင့် မျှဝေသည့် အချက်အလက်ထဲ အပါအဝင် ၎င်းတို့နှင့် သင်မျှဝေရန် ရွေးချယ်လိုက်သော အချက်အလက်အားလုံးထဲ ဝင်သုံးခွင့် ရှိပါသည်၊ သို့ဖြစ်၍ ၎င်းတို့က ကျွန်ုပ်တို့၏ အဓိက လုပ်ငန်းအသုံးချနိုင်မှုကို သင့်အတွက် စီစဉ်ပေးနိုင်ပါသည်။
သတိပြုရန်- ကျွန်ုပ်တို့သည် တားဆီးထားသည့်အငြင်းပွားမှုကို ကူညီရန်ထက် တီထွင်သူများ၏ ဒေတာသုံးသစွဲမှုကန့်သတ်ချက်လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါသည်။ ဥပမာ ဖန်တီးသူများ၏အက်ပ်ကို သင်က ၃ လအတွင်း အသုံးမပြုလျှင်၊ သင်၏ Facebook နှင့် Instagram ထဲ ဖန်တီးသူ၏ဝင်သုံးခွင့်ကို ကျွန်ုပ်တို့က ဖယ်ရှားပါမည်၊ ကျွန်ုပ်တို့က လော့ဂ်အင်ကို ပြောင်းလိုက်မည်ဖြစ်သဖြင့်၊ နောက်ဗားရှင်းတွင် အက်ပ်ပြန်ဆန်းစစ်မှုမလုပ်ဘဲ အမည်၊ Instagram အသုံးပြုသူအမည်နှင့် ဘိုင်အို၊ ပရိုင်ဖိုင်ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာတို့သာ ပါဝင်သော အဆိုပါအက်ပ်က တောင်းဆိုနိုင်သည့် ဒေတာကို လျှော့ချပါမည်။ အခြားဒေတာတစ်ခုခုကို တောင်းဆိုရန် ကျွန်ုပ်တို့၏ အတည်ပြုချက်ကို လိုအပ်ပါမည်။
ပိုင်ရှင်အသစ်။
ကျွန်ုပ်တို့၏ပစ္စည်းအားလုံး သို့မဟုတ် ၎င်းတို့၏ပိုင်ဆိုင်ပစ္စည်းများနှင့်ဆိုင်သော ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုတွင် ပြောင်းလဲလျှင်၊ ကျွန်ုပ်တို့က သင့်အချက်အလက်ကို ပိုင်ရှင်အသစ်ဆီသို့ လွှဲပြောင်းပေးနိုင်သည်။

ကြားခံပြင်ပအဖွဲ့အစည်း လုပ်ဖော်ကိုင်ဖက်များဖြင့် မျှဝေခြင်း
ကျွန်ုပ်တို့၏ ကုမ္ပဏီများကို စီမံခန့်ခွဲနိုင်စေသည့်အပြင် ကမ္ဘာတစ်ဝှမ်းလူများဆီသို့ ဝန်ဆောင်မှုများကို အခမဲ့ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ထုတ်ကုန်များကို ပံ့ပိုးရာနှင့် မြှင့်တင်ရာတွင်ကူညီသည့် ကြားခံပြင်ပအဖွဲ့အစည်းများနှင့် အလုပ်လုပ်ပါသည် သို့မဟုတ် သူတို့၏လုပ်ငန်းများကို မြှင့်တင်ရန် Facebook နည်းပညာများကိုအသုံးပြုသည့် ကြားခံပြင်ပအဖွဲ့အစည်းများနှင့်အလုပ်လုပ်ပါသည်။ သင့်အချက်အလက်မှန်သမျှကို မည်သူ့ထံမှ ရောင်းချမည်မဟုတ်၍ ဘယ်တော့မှ ပြုလုပ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ပါတနာများက ကျွန်ုပ်တို့စီစဉ်ပေးသော ဒေတာကို အသုံးပြုနိုင်သောနည်းနာနှင့် ထုတ်ဖော်ပြနိုင်သောနည်းနာတွင်လည်း တင်းကျပ်သော ကန့်သတ်ချက်များဖြင့် ကျွန်ုပ်တို့က သတ်မှတ်ထားပါသည်။ ဤအရာသည် ၎င်းနှင့်အချက်အလက်ကိုကျွန်ုပ်တို့မျှဝေသည့် တတိယကြားခံအဖွဲ့အစည်းအမျိုးစားများဖြစ်သည်-
ကျွန်ုပ်တို့၏ခွဲခြားစိတ်ဖြာမှုရှိသော ဝန်ဆောင်မှုကို အသုံးပြုသည့် ပါတနာများ။
လူများနှင့် စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ စာစုများ၊ စာရင်းများ၊ စာမျက်နှာများ၊ ဗီဒီယိုများနှင့် ကျွန်ုပ်တို့၏ Facebook ပစ္စည်းရှိ ပစ္စည်းပြင်ပရှိ အခြားအကြောင်းအရာတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်သည့် နည်းနာကို သိနားလည်ရာတွင် ထောက်ကူဖြစ်စေရန် စုစည်းထားသော စာရင်းဇယားများနှင့် ထိုးထွင်းအမြင်များကို ကျွန်ုပ်တို့က စီစဉ်ပေးပါသည်။ ဥပမာ စာမျက်နှာစီမံခန့်ခွဲသူများနှင့် Instagram လုပ်ငန်းပရိုဖိုင်များတွင် ၎င်းတို့၏ စာစုများကို ကြည့်သောသူ၊ တုံ့ပြန်သောသူ သို့မဟုတ် မှတ်ချက်ပေးသူ၏ အရေအတွက်နှင့် အကောင့်အရေအတွက်များနှင့်ဆိုင်သော အချက်အလက်တို့အပြင်၊ ၎င်းတို့၏စာမျက်နှာ သို့မဟုတ် အကောင့်များဖြင့် ပြန်လှန်ဆောင်ရွက်မှုကို သိနားလည်ရာတွင် ထောက်ကူဖြစ်စေရန် ပေါင်းစည်းထားသည့် ဒီမိုဂရပ်ဖစ်နှင့် အခြားအချက်အလက်တို့ကိုလည်း လက်ခံရရှိမည်ဖြစ်သည်။
ကြော်ငြာသူများ။
ကြော်ငြာသူများအား ၎င်းတို့၏အက်ပ်များအား ကြည့်သူအမျိုးအစားများနှင့် ၎င်းတို့၏အက်ပ်များ ဆောင်ရွက်နေသောပုံစံနှင့်ဆိုင်သော ရီပို့များကို ကျွန်ုပ်တို့က စီစဉ်ပေးသော်လည်း၊ သင့်အား (သင့်အမည် သို့မဟုတ် အီးမေးလ်လိပ်စာကိုယ်၌ကပင် သင့်ကို ဆက်သွယ်ရန် အသုံးပြုနိုင်ပြီး သင်မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြားဖော်ထုတ်နိုင်သော အချက်အလက်) ပုဂ္ဂိုလ်ရေးအရ ခွဲခြားဖော်ထုတ်နိုင်သော အချက်အလက်ကို သင်က ခွင့်ပြုချက်မပေးမချင်း ကျွန်ုပ်တို့က မျှမဝေပါ။ ဥပမာ ကြော်ငြာသူများကို ၎င်းတို့၏ပရိသတ်အကြောင်း ပို၍နားလည်စေအောင် ထောက်ကူဖြစ်စေသော ယေဘုယျ ဒီမိုဂရပ်ဖစ်နှင့် စိတ်ဝင်စားဖွယ်အချက်အလက် (ဥပမာ၊ အက်ပ်တစ်ခုကို မက်ဒရစ်တွင် နေထိုင်သူ ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်ဟန်ရှိသူ အသက် ၂၅ နှင့် ၃၄ နှစ်ကြားရှိ အမျိုးသမီးတစ်ဦးက ကြည့်ခဲ့သည်) ကို ကျွန်ုပ်တို့က ပေးပါသည်။ မည်သည့် Facebook အက်ပ်များက သင့်အား ဝယ်ယူမှုပြုလုပ်ရန် ခွင့်ပြုထားကြောင်း သို့မဟုတ် ကြော်ငြာသူများနှင့် အရေးဆိုမှု လုပ်ထားကြောင်းကိုလည်း ကျွန်ုပ်တို့က အတည်ပြုပေးပါသည်။
တိုင်းတာမှု ပါတနာများ။
ကျွန်ုပ်တို့၏ ပါတနာများအတွက် ခွဲခြမ်းစိတ်ဖြာချက်နှင့် တွက်ချက်မှုဆိုင်ရာ ရီပို့များပေးရန် အချက်အလက်စုစည်းပေးသည့် ကုမ္ပဏီများဖြင့် ကျွန်ုပ်တို့က သင့်အချက်အလက်ကို မျှဝေပါသည်။
ကျွန်ုပ်တို့၏ပစ္စည်းများတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ကမ်းလှမ်းပေးသည့် ပါတနာများ။
ပရီမီယံအကြောင်းအရာကို လက်ခံဖို့အတွက် သင် စာရင်းသွင်းသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ပစ္စည်းများရှိ ရောင်းချသူထံမှ တစ်ခုခု ဝယ်သောအခါ၊ အကြောင်းအရာဖန်တီးသူ သို့မဟုတ် ရောင်းသူက ၎င်းတို့ဖြင့် သင်မျှဝေထားတဲ့ အများမြင်အချက်အလက်နှင့် အခြားအချက်အလက်တို့ သာမက၊ ပစ္စည်းပေးပို့ခြင်းနှင့် ဆက်သွယ်ရန်အသေးစိတ်အချက်များ အပါအဝင် ငွေလွှဲပြောင်းမှုပြီးမြောက်စေရန် လိုအပ်သည့်အချက်အလက်များကိုလည်း လက်ခံရရှိပါမည်။
ပစ္စည်းရောင်းသူနှင့် ဝန်ဆောင်မှုပေးသူများ။
ကျွန်ုပ်တို့က နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ ဝန်ဆောင်မှုများ စီစဉ်ပေးခြင်း၊ ကျွန်ုပ်တို့၏ပစ္စည်းများအား အသုံးပြုသော နည်းနာများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖောက်သည်အကျိုးဆောင်ကို စီစဉ်ပေးခြင်း၊ ငွေပေးချေမှုများ လွယ်ကူအောင် ဆောင်ရွက်ပေးခြင်းနှင့် စစ်တမ်းများ ကောက်ယူခြင်း ကဲ့သို့သော အချက်အလက်နှင့် အကြောင်းအရာကို ကျွန်ုပ်တို့၏ကုမ္ပဏီများအား ပံ့ပိုးကြသည့် ပစ္စည်းရောင်းသူများနှင့် ဝန်ဆောင်မှုပေးသူများကို စီစဉ်ပေးပါသည်။
သုတေသနလုပ်သူများနှင့် အကယ်ဒမစ်များ။
ကျွန်ုပ်တို့၏လုပ်ငန်းများ သို့မဟုတ် မစ်ရှင်ကို ပံ့ပိုပေးသော စကောလားရှစ်များနှင့် ဆန်းသစ်တီထွင်မှုတွင် အဆင့်မြှင့်တင်ပေးတဲ့ သုသေတနကို ဆောင်ရွက်ရန်နှင့်၊ အထွေထွေလူမှုဖူလုံရေး၊ နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှု၊ အများပြည်သူအကျိုးစီးပွား၊ ကျန်းမာရေးနှင့် သုခချမ်းသာဆိုင်ရာ ခေါင်းစဉ်များတွင် စူးစမ်းရှာဖွေမှုနှင့် ဆန်းသစ်တီထွင်မှုကို အရည်အသွေးမြှင့်တင်ရန်အတွက် သုတေသနပါတနာများနှင့် အကယ်ဒမစ်များ ကျွန်ုပ်တို့က အချက်အလက်နှင့် အကြောင်းအရာတို့ကို စီစဉ်ပေးပါသည်။
ဥပဒေအာဏာ အကျိုးသက်ရောက်မှု သို့မဟုတ် တရားဝင်တောင်းဆိုချက်များ။
ကျွန်ုပ်တို့သည် ဥပဒေပြဌာန်းမှု သို့မဟုတ် အောက်ပါအကြမ်းဖျင်းဖော်ပြထားသောအခြေအနေတွင် တရားဝင်တောင်းဆိုမှုကို တုံ့ပြန်မှုနှင့်အတူ အချက်အလက်ကို မျှဝေပါသည်။
သင်နှင့် အခြားသူများက တတိယပါတီပါတနာများဖြင့် Facebook ဆက်တင်များနှင့် Instagram ဆက်တင်များတွင် မျှဝေထားသည့် သင့်နှင့်ဆိုင်သော အချက်အလက်အား ထိန်းချုပ်နိုင်သောနည်းနာနှင့် ပတ်သက်၍ ပိုမိုလေ့လာပါ။


၄။ Facebook ကုမ္ပဏီများ အတူတကွ ဘယ်လိုအလုပ်လုပ်ကြသလဲ။

Facebook နှင့် Instagram တို့သည် အခြား Facebook ကုမ္ပဏီများ (WhatsApp နှင့် Oculus တို့ အပါအဝင်) ဖြင့် သင်အသုံးပြုသော Facebook ကုမ္ပဏီပစ္စည်းများ အားလုံးအနှံ့ ဆန်းသစ်တီထွင်မှုရှိသော၊ အပ်စပ်မှုရှိသော၊ တစ်သမတ်တည်းဖြစ်သော၊ လုံခြုံစိတ်ချရသော အတွေ့အကြုံကို စီစဉ်ပေးရန်အတွက် အခြေခံအဆောက်အအုံ၊ စနစ်များနှင့် နည်းပညာကို မျှဝေကြပါသည်။ အဆိုပါရည်ရွယ်ချက်များအတွက် သက်ဆိုင်ရာ ဥပဒေအရနှင့် Facebook ကုမ္ပဏီများ၏ စည်းကမ်းချက်များနှင့် မူဝါဒတို့နှင့်အညီ ကျွန်ုပ်တို့က ၎င်းကုမ္ပဏီများအနှံ့ သင်နှင့်ပတ်သက်သည့် အချက်အလက်ကိုလည်း လုပ်ငန်းစဉ်ဆောင်ရွက်ပါသည်။ ဥပမာ WhatsApp ဝန်ဆောင်မှုတွင် စမမ်းပေးပို့သည့် အကောင့်နှင့်ပတ်သက်၍ ၎င်းထံမှ အချက်အလက်များကို ကျွန်ုပ်တို့ လုပ်ငန်းစဉ်ဆောင်ရွက်သောကြောင့် Facebook၊ Instagram သို့မဟုတ် Messenger ရှိ အဆိုပါအကောင့်များကို ကျွန်ုပ်တို့က အရေးယူဆောင်ရွက်နိုင်ပါသည်။ မတူသော Facebook ကုမ္ပဏီပစ္စည်းများရှိ သီးခြားသုံးစွဲသူများ၏ အရေအတွက်ကို သိနားလည်ခြင်းကဲ့သို့ လူများက Facebook ကုမ္ပဏီပစ္စည်းများကို အသုံးပြုသောပုံစံနှင့် ၎င်းပစ္စည်းများဖြင့် ပြန်လှန်အကျိုးပြုသောပုံစံတို့ကို သိနားလည်ရန်လည်း ကျွန်ုပ်တို့က အလုပ်လုပ်ပါသည်။


၅။ ဒေတာလုပ်ငန်းစဉ်ဆောင်ရွက်မှုအတွက် ကျွန်ုပ်တို့၏ တရားဝင်အကြောင်းရင်က ဘာလဲ။

ကျွန်ုပ်တို့က အထက်၌ ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဒေတာ ကောက်ယူပါသည်၊ အသုံးပြုပါသည်၊ ပြီးနောက် မျှဝေပါသည်-
  • ကျွန်ုပ်တို့၏ Facebook စည်းမျဉ်းဝန်ဆောင်မှုများ သို့မဟုတ် Instagram စည်းမျဉ်းဝန်ဆောင်မှုများကိုအပြည့်ဖြည့်ရန် လိုအပ်သောကြောင့်-
  • သင့်ကျေနပ်သဘောတူချက်နှင့် ကိုက်ညီလျှင်၊ Facebook ဆက်တင်များနှင့် Instagram ဆက်တင်များမှတဆင့် အချိန်မရွေး သင် ပြန်ရုပ်သိမ်းနိုင်ခြင်း၊
  • ကျွန်ုပ်တို့၏ တရားဝင်တာဝန်ဝတ်တရားများနှင့် လိုက်နာရန် လိုအပ်သောကြောင့်
  • သင်၏ အဓိကစိတ်ဝင်စားမှုများ သို့မဟုတ် အခြားသူများ၏ အဓိကစိတ်ဝင်စာများကို ကာကွယ်ရန်၊
  • အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်သည့်အတိုင်း နှင့်၊
  • ဆန်းသစ်တီထွင်သော၊ ကိုယ်ပိုင်ပုံစံပြုထားသော၊ လုံခြုံစိတ်ချရသော၊ အကျိုးအမြတ်ရှိသော ဝန်ဆောင်မှုကို စီစဉ်ပေးရာတွင် ကျွန်ုပ်တို့၏ အကျိုးစီးပွားများ အပါအဝင်၊ ကိုယ်ရေးဒေတာဆိုင်ရာ ကာကွယ်မှုအတွက် လိုအပ်သည့် သင့်အကျိုးစီးပွားများ သို့မဟုတ် အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များက အဆိုပါအကျိုးစီးပွားထက် မကျော်လွန်ခဲ့လျှင်၊ ကျွန်ုပ်တို့၏ (သို့မဟုတ် အခြားသူများ၏) အကျိုးစီးပွားအတွက် လိုအပ်သည့်အတိုင်း-
ထိုတရားဝင်အခြေခံများနှင့် ကျွန်ုပ်တို့လုပ်ဆောင်သည့်ဒေတာများရှိနည်းလမ်းများနှင့်ဆက်စပ်ပုံတို့နှင့်ပတ်သက်ပြီး ပိုမိုလေ့လာ ပါ။


၆။ GDPR အောက်၌ ပေးထားသည့် သင့်အခွင့်အရေးများကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

အထွေထွဒေေတာကာကွယ်မှုစည်းမျဉ်းများအောက်တွင် သင့်၌ သင့်ဒေတာကို ဝင်သုံးရန်၊ပြုပြင်ရန်၊ ကပ်ရန်နှင့် ဖျက်ရန် အခွင့်အရေးများရှိပါသည်။ ထိုအခွင့်အရေးများနှင့်ပတ်သက်၍ ပိုမိုလေ့လာပြီး Facebook ဆက်တင်များနှင့် Instagram ဆက်တင်များတွင် သင့်အခွင့်အရေးများကို သင်အသုံးချနိုင်ပုံတို့အား ဖော်ထုတ်ပါ။ သင့်၌ ကန့်ကွက်ရန် အခွင့်အရေး ရှိသည် နှင့် သင့်ဒေတာဆိုင်ရာ အချို့သော လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကန့်သတ်ခွင့်ရှိသည်။ ၎င်းတွင် ပါဝင်သည်မှာ-
  • တိုက်ရိုက်ဈေးကွက်ရှာဖွေမှုအတွက် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကန့်ကွက်သော အခွင့်အရေးရှိပြီး၊ ၎င်းအခွင့်အရေးကို ဈေးကွက်ဆက်သွယ်မှုများထဲရှိ “စာရင်းဖျက်ရန်” လင့်ခ်ကို အသုံးပြုခြင်းဖြင့် သင် ကျင့်သုံးနိုင်သည်၊ ပြီးလျှင်
  • အများဆိုင်ရာစိတ်ဝင်စားမှု သို့မဟုတ် ကျွန်ုပ်တို့၏တရားဝင်သောစိတ်ဝင်စားမှုကို လေ့လာလိုက်စားခြင်း သို့မဟုတ် တတိယကြားခံအဖွဲ့အစည်း၏ထိုအရာဖြင့် စမ်းသပ်မှုတစ်ခုကို ကျွန်ုပ်တို့စွမ်းဆောင်သည့်နေရာဖြစ်သည့် သင့်ဒေတာ၏ကျွန်ုပ်တို့လုပ်ဆောင်မှုကို ကန့်ကွတ်ရန် အခွင့်အရေး။ အဆိုပါအခွင့်အရေးများကို Facebook နှင့် Instagram တွင် သင် ကျင့်သုံးနိုင်ပါသည်။


၇၊ ဒေတာဆက်လက်ထားရှိခြင်း၊ အကောင့်ပိတ်သိမ်းခြင်းနှင့် ဖျက်ခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် Facebook ပစ္စည်းများအတွက် စီစဉ်ပေးရန် မလိုအပ်တော့သည့်အချိန်ထိ၊ သို့မဟုတ် သင့်အကောင့်ကို ဖျက်လိုက်သည့်အချိန်ထိ - အရင်ဖြစ်သော အမည့်အရာမဆို ၎င်းအချိန်ထိ ကျွန်ုပ်တို့က သိမ်းထားပေးပါမည်။ ၎င်းသည် ဒေတာ၏ သဘောသဘာဝ၊ ဒေတာကောက်ကူပြီး လုပ်ငန်းစဉ်ဆောင်ရွက်ရသည့် အကြောင်းရင်းနှင့် သက်ဆိုင်ရာ တရားဝင် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆက်လက်ထားရှိမှုလိုအပ်ချက်များ ကဲ့သို့သော အရာများအပေါ် မူတည်၍ အကြောင်းအရာအလိုက် ချမျတ်ရသော ဆုံးဖြတ်ချက်များ ဖြစ်သည်။ ဥပမာ Facebook တွင် တစ်ခုခုကို သင်ရှာဖွေသည့်အခါ၊ သင့်ရှာဖွေမှု မှတ်တမ်းအတွင်းမှ အဆိုပါမေးမြန်းချက်ကို အချိန်မရွေး ဝင်ကြည့်နိုင်ပြီး ဖျက်နိုင်သော်လည်း၊ ၎င်းရှာဖွေမှုမှတ်တမ်းကို ၆ လ ကြာပြီးနောက်မှာ ဖျက်ပါမည်။ အကောင့်အတည်ပြုရန် ရည်ရွယ်ချက်များအတွက် အစိုးရထုတ်အိုင်ဒီ မိတ္တူတစ်ခုကို သင် ပေးပို့ပါက အခြားတစ်နည်းအားဖြင့် ဖော်ပြချက်မရှိလျှင် စိစစ်သုံးသပ်ပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင် ကျွန်ုပ်တို့က အဆိုပါမိတ္တူကို ဖျက်ပါမည်။ သင်မျှဝေထားသော အကြောင်းအရာနှင့် လူမှုရေးပလက်အင်များမှတစ်ဆင့် ရရှိသော ကွတ်ကီးဒေတာတို့ကို ဖျက်ခြင်းအကြောင်း ပိုမိုလေ့လာပါ။
အကောင့်ကို သင်ဖျက်လိုက်သည့်အခါ၊ သင့်ဓာတ်ပုံများနှင့် အခြေအနေပြ အပ်ဒိတ်များကဲ့သို့ ကျွန်ုပ်တို့က သင် အရာများကို ဖျက်ပစ်မည် ဖြစ်ပြီး၊ အဆိုပါအချက်အလက်ကို နောင်တွင် ပြန်လည်ရယူနိုင်မည်မဟုတ်ပါ။ သင့်အကြောင်းနှင့်ပတ်သက်၍ အခြားသူများက မျှဝေထားသည့် အချက်အလက်သည် သင့်အကောင့်၏ အစိတ်အပိုင်း မဟုတ်သဖြင့် ဖျက်မည်မဟုတ်ပါ။ သင့်အကောင့်ကို မဖျက်လိုဘဲ ပစ္စည်းများ အသုံးပြုနေခြင်းမှ ယာယီ ရပ်ဆိုင်းလိုပါက၊ သင့်အကောင့်ကို ဖျက်မည့်အစား ပိတ်သိမ်းထားနိုင်ပါသည်။ သင့်အကောင့်ကို အချိန်မရွေး ဖျက်ရန်၊ Facebook ဆက်တင်များ နှင့် Instagram ဆက်တင်များတွင် ဝင်ကြည့်ပါ။


၈။ ကျွန်ုပ်တို့က တရားဝင် တောင်းဆိုချက်များကို ဘယ်လိုတုံ့ပြန်ပြီး ထိခိုက်နစ်နာမှုကို ဘယ်လိုတားဆီးသလဲ။

ကျွန်ုပ်တို့သည် လုပ်ငန်းအဖွဲ့အစည်း၊ ဥပဒေပြန်ဌာန်းမှု သို့မဟုတ် အခြားအရာများဖြင့် သင့်အချက်အလက်များကို ဝင်သုံးသည၊ မူလအတိုင်းထိန်းသိမ်းသလို ဖြန့် ဝေပါသည်။
  • ဆောင်ရွက်ရန် ကျွန်ုပ်တို့အတွက် လိုအပ်သည့် ကောင်းမွန်သောယုံကြည်ချက်ရှိသည့် ယုံကြည်မှုကျွန်ုပ်တို့တွင် ရှိပါက တရားဝင်တောင်းဆိုမှုသို့ တုံ့ပြန်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် တရားစီးရင်ရေးဥပဒေ၊ တရားစီရင်ရေးအသုံးပြုသူများအကျိုးသက်ရောက်မှုနှင့် ကမ္ဘာနှင့်အဝှမ်းသတ်မှတ်ထားသည့် စံနှုန်းများအရ လိုအပ်သော တုံ့ပြန်မှုဖြစ်သည့် ကောင်းမွန်သောယုံကြည်ချက်ရှိသော ယုံကြည်မှု ကျွန်ုပ်တို့တို့ရှိသည့်အခါ တရားဝင်တောင်းဆိုမှုများကိုလည်း တုံ့ပြန်နိုင်ပါသည်။
  • ကျွန်ုပ်တို့တွင် ရိုးဖြောင့်သောယုံကြည်ချက်ရှိ၍ လိုအပ်သည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- လိပ်စာအတုပြုလုပ်ခြင်းတို့မှ စုံစမ်းကာကွယ်ရန်၊ ခွင့်ပြုမထားသည့် ထုတ်ကုန်များကို အသုံးပြုမှု၊ ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်ခြင်း သို့မဟုတ် အခြားသော အန္တရာယ်ဖြစ်စေနိုင်သည့် သို့မဟုတ် တရားမဝင်လုပ်ဆောင်ချက်များ၊ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ကာကွယ်ရန် (ကျွန်ုပ်တို့အခွင့်အရေး၊ ပိုင်ဆိုင်မှု သို့မဟုတ်ကုန်ပစ္စည်းများအပါအဝင်)၊ သင်နှင့် အခြားသောသူများအပါအဝင် စုံစမ်းစစ်ဆေးခြင်းတစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် အခွင့်ရစုံစမ်းမေးမြန်းမှုများ၊ သို့မဟုတ် ခန်ဓာကိုယ်အန္တရာယ်ဖြစ်ပွားနိုင်သလို သေဆုံးခြင်းမှလည်း ကာကွယ်ပေးရန်။ ဥပမာ- သက်ဆိုင်မှုရှိလျှင် ကျွန်ုပ်တို့ ထုတ်ကုန်များကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ လိမ်လည်မှု၊ ဆဲဆိုမှု/အလွဲသုံးစားပြုမှု နှင့် အခြားဘေး အန္တရာယ်ဖြစ်စေနိုင်သည်တို့ကို ကာကွယ်ရန် သင့်အကောင့်၏စိတ်ချရမှုနှင့် ပတ်သက်ပြီး တတိယပါတီပါတနာများနှင့် ကျွန်ုပ်တို့ အချက်အလက်များ လဲလှယ်မည်ဖြစ်ပါသည်။
သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ရရှိသော အချက်အလက် (Facebook ဖြင့် ပြုလုပ်ထားသည့် ဝယ်ယူမှုများနှင့်ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှုဒေတာ အပါအဝင်) သည် ဥပဒေဆိုင်ရာ တောင်းဆိုချက် သို့မဟုတ် တာဝန်၊ အစိုးရ စုံစမ်းစစ်ဆေးမှုများ သို့မဟုတ် ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့် မူဝါဒများကို ချိုးဖောက်နိုင်ဖွယ်ရှိသဖြင့် စုံစမ်းစစ်ဆေးမှုများဖြင့် သက်ဆိုင်သော အကြောင်းကိစ္စမျိုးဖြစ်သည့်အခါ သို့မဟုတ် တခြားတနည်းနည်းဖြင့် ထိခိုက်နစ်နာမှုကို ကာကွယ်တားဆီးသည့်အခါ၊ ၎င်းတို့ကို တိုးချဲ့အချိန်အပိုင်းအခြားတစ်ခုအထိ ဝင်သုံးနိုင်ပြီး ထိန်းသိမ်းထားရှိနိုင်ပါသည်။ ထပ်ခါထပ်ခါအလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အခြားစည်းမျဉ်းချိုး ဖောက်ခြင်းတို့ကို တားဆီးရန် အနည်းဆုံးတစ်နှစ်ကြာမျှ စည်းမျဉ်းချိုး ဖောက်မှုများအတွက် ပိတ်ထားသည့်အကောင့်များမှ အချက်အလက်များလည်း ကျွန်ုပ်တို့တွင် ကျန်ရှိနေပါသည်။


၉။ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု၏ အစိတ်အပိုင်းအဖြစ် ကျွန်ုပ်တို့က ဒေတာကို ဘယ်လို စီစဉ်ပြီး လွှဲပြောင်းသလဲ။

ကျွန်ုပ်တို့အနေဖြင့် ဤမူဝါဒနှင့်အညီ Facebook ကုမ္ပဏီများအတွင်း လုပ်ငန်းတွင်းအားဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့၏ ပါတနာများနှင့် လုပ်ငန်းပြင်ပသို့သော်လည်းကောင်း အချက်အလက်များကို ကမ္ဘာအနှံ့မျှဝေလျက်ရှိသလို တစ်ကမ္ဘာလုံးနှင့်လည်း မျှဝေလျက်ရှိပါသည်။ Facebook အိုင်ယာလန်မှ ထိန်းချုပ်ထားသည့် အချက်အလက်များကို အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဤမူဝါဒများဖြင့် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် သင်နေထိုင်သည့် အခြားနိုင်ငံများအပြင်ဘက်တွင် လွှဲပြောင်းပါလိမ့်မည် သို့မဟုတ် ထုတ်လွှင့်သည်၊ သိုလှောင်ထားပြီး ပြုပြင်ပါလိမ့်မည်။ Facebook စည်းမျဉ်းများနှင့်Instagram စည်းမျဉ်းများအပြင် သတ်မှတ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးရန်နှင့် သင့်အတွက် ကျွန်ုပ်တို့ကုန်ပစ္စည်းကို ကမ္ဘာအနှံ့ ဖြန့်ချိပြီး ပံ့ပိုးရန် ထိုဒေတာလွဲပြောင်းမှုကို လိုအပ်ပါသည်။ EEA မှ ယူနိုက်တက်စတိတ်နှင့် အခြားနိုင်ငံများသို့ ဒေတာလွှဲပြောင်းမှုနှင့်ပတ်သက်၍ အချို့သော နိုင်ငံများအတွက်ဆိုလျှင် အပ်စပ်မှုရှိသည့်အလျှောက် ကျွန်ုပ်တို့သည် ဥရောပကော်မရှင်က အတည်ပြုထားသည့် စံသဘောတူစာချုပ်ဆိုင်ရာ အပိုဒ်များ ကို အသုံးချပြီး၊ ဥရောပကော်မရှင်၏ ပြည့်ဝသော ဆုံးဖြတ်ချက်များ အပေါ် အမှီပြုပါသည်။


၁၀။ ဤမူဝါဒ ပြောင်းလဲမှုများအတွက် သင့်အား ကျွန်ုပ်တို့ ဘယ်လိုအသိပေးမလဲ။

ဤမူဝါဒကို ပြောင်းလဲမှုများမလုပ်မီ သင့်ကို အသိပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ထုတ်ကုန်များအား ဆက်လက်အသုံးပြုခြင်းကို သင်မရွေးမီ ပြင်ဆင်ထားသည့်မူဝါဒကို သုံးသပ်ရန် သင့်အား ကျွန်ုပ်တို့အခွင့်အရေးပေးပါမည်။


၁၁။ Facebook ကို မေးခွန်းများဖြင့် ဆက်သွယ်ရန်နည်းနာ

Facebook နှင့်Instagramတွင် ကိုယ်ရေးလုံခြုံမှု အလုပ်လုပ်ပုံနှင့်ပတ်သက်၍ ပိုမိုလေ့လာနိုင်ပါသည်။ ဤမူဝါဒနှင့်ပတ်သက်၍ သင့်၌ မေးခွန်းများရှိပါက၊ အောက်တွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။
သင့်အချက်အလက်အတွက် တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ Facebook Ireland ဖြစ်ပြီး၊ ၎င်းကို အွန်လိုင်းဖြင့် ဆက်သွယ်ပါ၊ သို့မဟုတ် အီးမေးလ်ဖြင့်-

Facebook Ireland Ltd.
4 Grand Canal Square
Grand Canal Harbour
Dublin 2 Ireland

Facebook အိုင်ယာလန်လီမိတက်အတွက် ဒေတာကာကွယ်မှုအရာရှိကို ဆက်သွယ်ပါ။

တိုင်ကြားချက်ကို Facebook Ireland ၏ ဦးဆောင်ကြီးကြပ်ရေး အာဏာရှိသူ၊ Irish ဒေတာကာကွယ်ရေး အထူးတာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် သင်၏ ဒေသကြီးကြပ်ရေး အာဏာရှိသူထံသို့ တိုင်ကြားခွင့်လည်း ရှိပါသည်။


နောက်ဆုံး ပြန်လည်ပြင်ဆင်သည့် ရက်စွဲ - ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်