စတင်အသုံးပြုခြင်း

Meta ရှုထောင့်စုံသည် သင့်အား အလုပ်တာဝန်များ၊ သုတေသန၊ စစ်တမ်းများ သို့မဟုတ် ထုတ်ကုန်အသစ်များ စမ်းသပ်အသုံးပြုခြင်း အစရှိသည့် အစီအစဥ်များတွင် ပါဝင်ခြင်းအတွက် ဆုချီးမြှင့်ပါသည်။ ရှုထောင့်စုံမှ အချက်အလက်အား ပိုမိုကောင်းမွန်သော အက်ပ်များနှင့် ဝန်ဆောင်မှုများ ဖန်တီးရာတွင် အထောက်အကူဖြစ်စေရန်နှင့် လူမှုအဖွဲ့အစည်းအား အကျိုးရှိစေရန်အတွက် အသုံးပြုပါသည်။

ရှုထောင့်စုံကို လက်ရှိအချိန်တွင် အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ အသုံးပြုနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာအစီအစဥ်အတွက် အရည်အချင်းပြည့်မီမှု ရှိ/ မရှိဆိုသည်မှာ သင်၏ တည်နေရာ နှင့် ရှုထောင့်စုံအစီအစဥ်တစ်ခုစီတိုင်း၏ လိုအပ်ချက် အပေါ်တွင် မူတည်၍ ကွဲပြားမှု ရှိနိုင်ပါသည်။

အကောင့်

ရှုထောင့်စုံမှ သင်လက်ခံရရှိသော အီးမေးအချို့သည် သင်၏ ပါဝင်မှုအတွက် မရှိမဖြစ် အရေးကြီးပါသည်။ သို့သော် သင့်အနေဖြင့် သတင်းလွှာများနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ နောက်ဆုံးရသတင်းများကဲ့သို့သော ထပ်ဆောင်းအီးမေးများကို သင်လက်ခံရယူရန် ရွေးချယ်နိုင်ပါသည်။

သင်၏ အီးမေးဆက်တင်များကို ပြောင်းလဲရန် -

  1. သင်၏ iOS သို့မဟုတ် Android စက်ကိရိယာပေါ်တွင် Viewpoints အက်ပ်အား ဖွင့်ပါ။
  2. အောက်ခြေရှိ အကောင့် ကို နှိပ်ပါ။
  3. အီးမေးဆက်တင်များ ကို ရွေးပေးပါ။
  4. Viewpoints အား ဤအီးမေးသို့ သတင်းလွှာများနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ နောက်ဆုံးရသတင်းများပေးပို့နိုင်ရန်လည်း ခွင့်ပြုမည် ဘေးရှိ အကွက်အား နှိပ်ပါ။

သင်၏ ရှုထောင့်စုံအကောင့်ကို ဖျက်ရန် -

  1. iOS သို့မဟုတ် Android အတွက် ရှုထောင့်စုံ အက်ပ်ကိုဖွင့်ပါ။
  2. အောက်ခြေရှိ အကောင့် ကို နှိပ်ပါ။
  3. အကောင့်ဖျက်ရန် ကို ရွေးချယ်ပါ။
  4. အကောင့်ဖျက်မယ် ကို တို့နှိပ်ပါ။

သင်၏ ရှုထောင့်စုံအကောင့်ကို ဖျက်လိုက်သည့်အခါ မည်သို့ ဆက်ဖြစ်မည်ကို လေ့လာရန်အတွက် အကူအညီစင်တာသို့ သွားရောက်ပါ။

သင်၏ အတည်ပြုအီးမေးကို မရရှိသေးလျှင် သင်၏၀င်စာအတွင်းတွင်ရှိသော အသုံးမ၀င်သောစာ၊ အမှိုက်စာ နှင့် အမှိုက်ပုံး ဖိုင်တွဲများကို စစ်ဆေးကြောင်း သေချာစေပါ။ ရှုထောင့်စုံမှ ထိုအီးမေးကို ပေးပို့ပါလိမ့်မည်။

သင်ပေးထားခဲ့သော အီးမေးလိပ်စာသို့ အတည်ပြုအီးမေးကို ထပ်မံပေးပို့ရန်
  1. iOS သို့မဟုတ် Android အတွက် ရှုထောင့်စုံ အက်ပ်ကိုဖွင့်ပါ။
  2. အတည်ပြုအီးမေးကို ထပ်မံပေးပို့ရန် ကို နှိပ်ပါ။
မတူညီသော အီးမေးလိပ်စာတစ်ခုသို့ အတည်ပြုအီးမေးကို ပေးပို့ရန်
  1. iOS သို့မဟုတ် Android အတွက် ရှုထောင့်စုံ အက်ပ်ကိုဖွင့်ပါ။
  2. သင်၏ အီးမေးကို ပြောင်းလဲရန် ကို နှိပ်ပါ။
  3. သင်ပေးထားခဲ့သော အီးမေးလိပ်စာကို ပြင်ဆင်ရန်။
  4. ထို့နောက် အတည်ပြုမယ် ကို နှိပ်ပါ။

လက်ရှိတွင် သင်၏ Facebook နှင့် လော့ဂ်အင်ဝင်ရောက်ခြင်းဖြင့်သော်လည်းကောင်း အချို့အခြေအနေများတွင် သင်၏ ဖုန်းနံပါတ်ဖြင့်သော်လည်းကောင်း ရှုထောင့်စုံတွင် ပါဝင်နိုင်ပါသည်။ နောက်လာမည့် လော့ဂ်အင်ရွေးချယ်စရာများအကြောင်း ပိုမိုလေ့လာရန်အတွက် ကျွန်ုပ်တို့၏ Facebook စာမျက်နှာကို အဆက်မပြတ်စစ်ဆေးပေးပါ။

အစီအစဉ်များ

အစီအစဥ်များတွင် လုပ်ငန်းတာဝန်၊ သုတေသန၊ စစ်တမ်းများ သို့မဟုတ် ထုတ်ကုန်အသစ်များအား စမ်းသပ်အသုံးပြုမှုတို့ ပါဝင်နိုင်ပါသည်။

အစီအစဥ်များ ရရှိလာသည့်အခါ အီးမေး သို့မဟုတ် တွန်းပို့အသိပေးချက်များမှတစ်ဆင့် သင့်အား ကျွန်ုပ်တို့ အသိပေးပါသည်။ အစီအစဥ်များ ပေါ်တွင် နှိပ်ခြင်းအားဖြင့် အသုံးပြုနိုင်သော အစီအစဥ်များကို ရှာဖွေနိုင်ပါသည်။

  1. သင်၏ iOS သို့မဟုတ် Android စက်ကိရိယာပေါ်တွင် Viewpoints အက်ပ်အား ဖွင့်ပါ။
  2. အောက်ခြေရှိ အစီအစဥ်များ ကို နှိပ်ပါ။

မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာအစီအစဥ်အတွက် အရည်အချင်းပြည့်မီမှု ရှိ/ မရှိဆိုသည်မှာ ရှုထောင့်စုံ အစီအစဥ်တစ်ခုစီတိုင်း၏ လိုအပ်ချက် နှင့် သင်၏ တည်နေရာ အပေါ်တွင် မူတည်၍ ကွဲပြားမှု ရှိနိုင်သည့်အတွက် အစီအစဉ်များအား အမြဲတစေ လူတိုင်းကို မကမ်းလှမ်းပါ။ သို့သော် ကျွန်ုပ်တို့သည် အစီအစဉ်အသစ် ဖန်တီးမှုကို အမြဲတစေ လုပ်ဆောင်နေပြီး သင့်အတွက် အစီအစဉ်များ ရရှိလာနိုင်သည့်အခါ အီးမေး သို့မဟုတ် တွန်းပို့အသိပေးချက်များ မှတစ်ဆင့် သင့်ကို အသိပေးပါမည်။

အစီအစဉ်အသေးစိတ်အချက်အလက်များ၊ ညွှန်ပြချက်များ၊ လိုအပ်ချက်များ နှင့် အချက်အလက်စုစည်းမှုကို တိကျသေချာသော အစီအစဉ်ပေါ်တွင် နှိပ်လိုက်ခြင်းဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော အချက်အလက်များကို ရှာဖွေနိုင်ပါသည်။

  1. သင်၏ iOS သို့မဟုတ် Android စက်ကိရိယာပေါ်တွင် Viewpoints အက်ပ်အား ဖွင့်ပါ။
  2. အောက်ခြေရှိ အစီအစဥ်များ ကို နှိပ်ပါ။
  3. တိကျသေချာသော အစီအစဉ်တစ်ခုကို ပိုမိုလေ့လာရန် ၎င်းကို နှိပ်လိုက်ပါ။

သက်ဆိုင်ရာအစီအစဥ်အတွက် အရည်အချင်းပြည့်မီမှု ရှိ/ မရှိဆိုသည်မှာ ရှုထောင့်စုံ အစီအစဥ်တစ်ခုစီတိုင်း၏ လိုအပ်ချက်နှင့် သင်၏ တည်နေရာအပေါ်တွင် မူတည်၍ ကွဲပြားမှု ရှိနိုင်ပါသည်။

အစီအစဥ် သို့မဟုတ် လုပ်ငန်းတာဝန်တစ်ခုအား‌ အောင်မြင်စွာအဆုံးသတ်နိုင်သည့်အချိန်တိုင်းတွင် သင်ရမှတ်များ ရရှိပါလိမ့်မည်။ ရှုထောင့်စုံအတွင်းမှလည်း သင်၏ ဆုကြေးများကို ကြည့်ရှုနိုင်ပါသည်။

  1. သင်၏ iOS သို့မဟုတ် Android စက်ကိရိယာပေါ်တွင် Viewpoints အက်ပ်အား ဖွင့်ပါ။
  2. စာရင်းသွင်းဝင်ရောက်ပြီး အောက်ခြေရှိ ဆုလာဘ်များ ကို နှိပ်ပါ။

ဆုကြေးရယူနိုင်ရန် လုံလောက်သော ရမှတ်အတိုင်းအတာ မရရှိသေးသ၍ ရှုထောင့်စုံပေါ်ရှိ ရမှတ်များအား အခြားသူများနှင့် အလဲအလှယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်သလို ငွေသားတန်ဖိုးလည်း ရှိမည်မဟုတ်ပါ။ ရမှတ်များအား နောက်ဆုံးရရှိခဲ့သော ရက်စွဲမှစတင်ကာ ငါးနှစ်တွင် သင်၏ ရှုထောင့်စုံရမှတ်အားလုံး သက်တမ်းကုန်ဆုံးပါမည်။

သင့်အနေဖြင့် အစီအစဥ်၏ အပိုင်းတစ်ခုကိုသာ အဆုံးသတ်နိုင်ခဲ့ပါက ရမှတ်များ ရရှိလိမ့်မည်မဟုတ်သလို ပေးအပ်ထားသော အစီအစဥ်ဆိုင်ရာ သတင်းအချက်အလက်အားလုံးကိုလည်း ဖျက်ပစ်သွားမည် ဖြစ်ပါသည်။

ဖော်ပြပါ အကူအညီစင်တာ အချက်အလက်များသည် Study အက်ပ်မှတစ်ဆင့် Study အစီအစဥ်တွင် သင်ပါဝင်သည့်အခါမှသာ အကျုံးဝင်ပါသည်။ ရှုထောင့်စုံဆိုင်ရာ Study အသစ် အကူအညီစင်တာဆောင်းပါးတွင် Study အစီအစဉ်အတွေ့အကြုံနှင့်ပတ်သက်ပြီး ပိုမိုလေ့လာနိုင်ပါသည်။

Meta ရှုထောင့်စုံ၏ Study မှ ကြိုဆိုပါသည်။ Study သည် ပါ၀င်သူများ မည်သည့်အက်ပ်များကို တန်ဖိုးထားပြီး ၎င်းတို့ကိုမည်သို့ အသုံးပြုသည် ဆိုသည့် အချက်အလက်များ မျှဝေခြင်းအတွက် ဆုကြေးများပေးသော ရှုထောင့်စုံ အစီအစဥ်တစ်ခု ဖြစ်ပါသည် (“Study အစီအစဥ်”)။ သင်ပေးပို့သော ထိုအချက်အလက်များသည် ကျွန်ုပ်တို့အား Meta နှင့် လူမှုအဖွဲ့အစည်းအတွက် ပို၍ကောင်းမွန်သော ထုတ်ကုန်များကို ဖန်တီးရာတွင် အကူအညီဖြစ်စေပါသည်။ သင့်အနေဖြင့် Study အစီအစဉ်မှ အချိန်မရွေး ထွက်ခွာနိုင်ပါသည်။

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရှုထောင့်စုံ အချက်အလက်ဆိုင်ရာ မူဝါဒရှုထောင့်စုံ ၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ၊ Study အစီအစဥ် အကျဥ်းချုပ်တွင် သင့်အား ပြသထားသော အချက်အလက်များ နှင့် ဤအကူအညီစင်တာ ဆောင်းပါးတွင် သင့်အားပေးခဲ့သော အချက်အလက်များအတိုင်း စီစဥ်ဆောင်ရွက်ပါလိမ့်မည်။

ကျွန်ုပ်မည်သို့ ပါဝင်ရမည်နည်း။

  • သင်အဓိကအသုံးပြုသော ဖုန်းတွင် လေ့လာမှုအက်ပ်ကို ဒေါင်းလုဒ်ဆွဲပါ။
  • လေ့လာမှုအစီအစဥ်ကို ထည့်သွင်းရန် လုပ်ဆောင်ရန် အဆင့်များအတိုင်း ဆောင်ရွက်ပါ။
  • သင့်ဖုန်း၏ ဆက်တင်များသို့ သွာပြီးလျှင် ဆက်တင်များထဲရှိ လေ့လာမှုအက်ပ်အတွက် အက်ပ်အသုံးပြုမှု ခွင့်ပြုချက်ကို ဖွင့်ခြင်းဖြင့် သင့် အက်ပ် သုံးစွဲမှုဆိုင်ရာ အချက်အလက်ကို ၀င်ရောက်အသုံးပြုခွင့်ရရန် လေ့လာမှုအက်ပ်ကို ၀င်ရောက်ခွင့်ပြုပါ။ ဤခွင့်ပြုချက်ကို မဖွင့်ဘဲ လေ့လာမှုအစီအစဥ်တွင် ပါ၀င်၍ရမည် မဟုတ်ပါ။ ဤခွင့်ပြုချက်ကို သင့်ဖုန်းဆက်တင်များထဲတွင် အချိန်မရွေး ပိတ်ထားနိုင်ပါသည်။
  • လေ့လာမှုအက်ပ်သည် နောက်ခံတွင် ပွင့်ကာ လည်ပတ်နေမည်ဖြစ်သည့်အတွက် သင့်ဖုန်းအား ပုံမှန်အတိုင်း အသုံးပြုပါ။
  • အစီအစဉ်၏လိုအပ်ချက်များနှင့် သင်၏တည်နေရာအပေါ်အခြေခံပြီး ဖိတ်ခေါ်ခြင်းအားဖြင့် Viewpoints ရှိ လေ့လာမှုအစီအစဥ်တွင် ပါ၀င်ခြင်း ဖြစ်ပါသည်။
  • လေ့လာမှု အက်ပ်၏ နောက်ဆုံးဗားရှင်းကို အသုံးပြုနေပြီး အပ်ဒိတ်များကို ထည့်သွင်းထားကြောင်း သေချာစေပါ။ လေ့လာမှုအစီအစဥ်တွင် ပါဝင်ရန် ၎င်းကို အပ်ဒိတ်ထားလုပ်ဖို့ အရေးကြီးပါသည်၊ ဥပမာ မည်သည့် ချွတ်ယွင်းမှုများကိုမဆို ဖြေရှင်းခြင်း။
  • သင့်အနေဖြင့် Study အစီအစဉ်မှ အချိန်မရွေး ထွက်ခွာနိုင်ပါသည်။ လေ့လာမှုအစီအစဥ်မှ ထွက်ခွာချိန်အထိ သို့မဟုတ် စာရင်းမသွင်းမှုကို ရပ်ဆိုင်းလိုက်သည့်အချိန်အထိ လေ့လာမှုတွင် သင်၏ပါ၀င်မှုသည့် ဆက်လက်ရှိနေမည်ဖြစ်သည်။

ကျွန်ုပ်ဘယ်လို အမှတ်မျိုး ရမလဲ။

လေ့လာမှုအစီအစဥ်တွင် ပါ၀င်မှု (အက်ပ် အသုံးပြုမှု ခွင့်ပြုချက်ကို ဖွင့်ထားခြင်းကဲ့သို့) အတွက် တစ်ပတ်လျှင် အမှတ် ၅၀၀ သင် ရရှိပါသည်။ သင်ပါ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် လေ့လာမှု အက်ပ်တွင် အသိပေးချက်တစ်ခုကို တွေ့မြင်ပါလိမ့်မည်။

အစီအစဉ်အနေဖြင့် Meta အား မည်သို့ အကူအညီပေးပါသလဲ။

အစီအစဥ်မှရရှိသော အသေးစိတ်အစီရင်ခံစာများသည် မည်သည့်အက်ပ်များအား လူများတန်ဖိုးထားပြီး မည်သို့အသုံးပြုနေသည်ကို ကျွန်ုပ်တို့ လေ့လာရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့်Meta နှင့် လူမှုအဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော ထုတ်ကုန်များအား တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

Meta သည် ကျွန်ုပ်၏မိုဘိုင်းဖုန်းမှ မည်သည့်အချက်အလက်များကို စုစည်းပါသလဲ။

လေ့လာမှုအက်ပ်မှတစ်ဆင့် လေ့လာမှုအစီအစဥ်တွင် သင်၏ပါ၀င်မှု ကြာချိန်အတွက် သင့်ကိရိယာပေါ်တွင် ထည့်သွင်းထားသော အက်ပ်များနှင့်ပတ်သက်သော အသုံးပြုခွင့် အချက်အလက်များကို စုစည်းပြီး ဆန်းစစ်လေ့လာပါသည်။ ၎င်းတွင် အောက်ပါတို့လည်း ပါဝင်ပါသည် -

  • လေ့လာမှုတွင် သင်ပါ၀င်နေစဥ်အတွင်း သင်ဖုန်းတွင် ဒေါင်းလုဒ်ဆွဲသော အက်ပ်အသစ်များ အပါအ၀င်၊ ထည့်သွင်းပြီးသား အက်ပ်များ
  • အက်ပ်အသုံးပြုရန်အတွက် သင်သုံးစွဲသည့်အချိန်
  • သင့်နိုင်ငံ၊ မိုဘိုင်းဖုန်း၊ ကွန်ရက်အမျိုးအစား၊ ကွန်ရက်ဝန်ဆောင်မှုပေးသူနှင့် ဘာသာစကားဆက်တင်များ
  • ပင်မမျက်နှာပြင် သို့မဟုတ် မျက်နှာပြင်ပံ့ပိုးမှုကဲ့သို့သော အချို့အက်ပ်များအတွင်း သင်အသုံးပြုသည့် လုပ်ဆောင်ချက်များ
  • သင်၏ အက်ပ်များတွင် ပြသထားသည့် ကြော်ငြာကွန်ရက်များကဲ့သို့ ၀န်ဆာင်မှုပေးသူများ၏ အမည်များ
  • ရှင်းလင်းမှုရှိစေရန် အက်ပ်များ သုံးစွဲခွင့်ဆိုင်ရာ အချက်အလက်များတွင် မက်ဆေ့များအပါအ၀င်၊ အသုံးပြုသူအိုင်ဒီများ၊ စကားဝှက်များ သို့မဟုတ် လူများ၀ေမျှသောအကြောင်းအရာတို့ မပါ၀င်ပါ။
ဤအချက်အလက်များကို Meta က ဘယ်လိုအသုံးပြုသလဲ။
  • သင်ပေးသောအချက်အလက်များသည် လုပ်ငန်းနှင့် ထုတ်ကုန်သုတေသနပြုခြင်းအတွက် အသေးစိတ်အစီရင်ခံစာများ ကျွန်ုပ်တို့ ရရှိစေရန် အထောက်အကူပြုပါသည်။ ဥပမာ- ပြင်သစ်နိုင်ငံရှိ သတ်မှတ်ထားသည့် အသက်အပိုင်းအခြားရှိသော အမျိုးသားများအတွက် မည်သည့် အက်ပ်များမှာ အသုံး၀င်သလဲ၊ ၎င်းတို့အတွက် ကျွန်ုပ်တို့ပေးသော ၀န်ဆောင်မှုများကို ဘယ်လို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲဆိုသည်ကို နားလည်စေရာတွင် အထောက်အကူဖြစ်စေမည့် ၎င်းတို့ အသုံးပြုသော အက်ပ်များအကြောင်းကို သိရှိနားလည်စေဖို့ရန်အတွက် အသေးစိတ်အစီရင်ခံစာများကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။
  • လူများ တန်ဖိုးထားသည့်အက်ပ်များနှင့် ၎င်းတို့အား အသုံးပြုပုံကို လေ့လာရာတွင် သင့်အချက်အလက်များက အကူအညီပေးနိုင်ပါသည်။
  • သင်ပေးသောအချက်အလက်များသည် Meta ကုမ္ပဏီ ထုတ်ကုန်များကို မြှင့်တင်ရာတွင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကို ကျွန်ုပ်တို့ ပိုမိုနားလည်စေရန် အထောက်အကူပြုပါသည်။
Study အစီအစဥ်ကာလအတွင်း သင်၏ Facebook နှင့် Instagram အကောင့်ရှိ အချက်အလက်များကို Meta က ဘယ်လိုအသုံးပြုသလဲ။

ပို၍များပြားသော လူဦးရေကို ထင်ဟပ်စေသည့် အချက်အလက် အသေးစိတ်အစီရင်ခံစာကို ဖန်တီးရန် လေ့လာမှုမှ ကောက်ယူထားသော အက်ပ် သုံးစွဲမှုဆိုင်ရာ အချက်အလက်များ နှင့်အတူ သင့်၏ Facebook နှင့် Instagram အကောင့်တို့နှင့် ဆက်နွယ်သော အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ ကျွန်ုပ်တို့ကောက်ယူရာတွင် ပါ၀င်သော အချက်အလက်များ -

  • လူမှုရေးရာဆိုင်ရာ အချက်အလက်များ - သင်၏ Facebook နှင့် Instagram အကောင့် တို့နှင့်ဆက်နွယ်နေသည့်အသက်၊ ကျား/မ နှင့် တည်နေရာ အချက်အလက်များ။
  • အကောင့်ဖန်တီးမှု - Facebook သို့မဟုတ် Instagram ကို ၀င်ရောက်ရန် ဖိတ်ခေါ်ခံရသည့် ရက်စွဲ၊ အကောင့်တစ်ခုကိုဖန်တီးခဲ့သည့်အချိန် နှင့် သင့်အကောင့်အတည်ပြုခံရသည့်အချိန်။
  • အက်ပ် စိတ်ကြိုက်သတ်မှတ်ချက်များ - ဖုန်းမော်ဒယ်လ်၊ Facebook သို့မဟုတ် Instagram ကို ၀င်ရောက်အသုံးပြုရန် သင်အသုံးပြုသည့် လည်ပတ်မှုစနစ် သို့မဟုတ် ၀က်ဘ် ဘရောက်ဇာ၊ သင်၏ပင်မ ကိရိယာ နှင့် သင့်ဦးစားပေး ဘာသာစကားဆက်တင်များ။
  • Facebook နှင့် Instagram မှ အက်ပ်ထိတွေ့ဆက်ဆံမှုများနှင့် ဆင့်ပွားအချက်အလက်များ: သူငယ်ချင်းအရေအတွက်၊ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုချက်များနှင့် သင့်ကိုစောင့်ကြည့်သူများ၊ သင်စောင့်ကြည့်သော စာမျက်နှာ အမျိုးအစားနှင့် အရေအတွက်၊ သင့်တွင် ပရိုဖိုင်ဓာတ်ပုံတစ်ပုံ ရှိ/မရှိ၊ သင်၏ စိတ်ဝင်စားမှုများ။

Facebook နှင့် Instagram ၀င်ရောက်သုံးစွဲသည့် ရက်စွဲများနှင့် အက်ပ်တစ်ခုစီတိုင်းရှိ သင်၏လုပ်ဆောင်ချက် အဆင့်များနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ကျွန်ုပ်တို့အသုံးပြုပါသည်။

ဤသို့လုပ်ဆောင်ခြင်းသည် Meta ကုမ္ပဏီ ထုတ်ကုန်များအပေါ် ကျွန်ုပ်၏ သုံးစွဲမှုအတွေ့အကြုံကို ဘယ်လို သက်ရောက်မှုရှိစေပါသလဲ။
  • Study အစီအစဥ်အတွင်းရှိ သင်၏ ပါဝင်မှုမှတစ်ဆင့်ကောက်ယူခဲ့သော အက်ပ်အသုံးပြုမှုအချက်အလက်များအား အခြား Meta ကုမ္ပဏီ ထုတ်ကုန်များပေါ်ရှိ အကောင့်များသို့ ထည့်သွင်းမည် မဟုတ်ပါ။
  • Study မှတစ်ဆင့် စုစည်းထားသော သင်၏အက်ပ် သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို Meta ကုမ္ပဏီထုတ်ကုန်များပေါ်တွင် (သင်နှင့် အခြားသူများကို ကြော်ငြာများ ပြသရန် နှင့် မြှင့်တင်ရန်အပါအ၀င်) သင်၏ သုံးစွဲမှုအတွေ့အကြုံများကို စိတ်ကြိုက်ပြင်ဆင်ရန်အတွက် အသုံးပြုမည် မဟုတ်ပါ။
  • ရှုထောင့်စုံ အစီအစဉ်များတွင် အချက်အလက်ကောက်ယူခြင်းနှင့် အသုံးပြုခြင်းအကြောင်း နောက်ထပ်အချက်အလက်များ ရယူရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ရှုထောင့်စုံ အချက်အလက်ဆိုင်ရာ မူဝါဒသို့ ၀င်ရောက်ကြည့်ရှုလိုက်ပါ။
လေ့လာမှုအက်ပ် နှင့် Viewpoints အက်ပ် နှစ်ခုအကြား အချက်အလက်များကို ဘယ်လို မျှဝေပါသလဲ။
  • လေ့လာမှုအက်ပ်ကို လေ့လာမှုအစီအစဥ်အား ပိုမိုချောမွေ့လွယ်ကူစွာ ဆောင်ရွက်ရန် အသုံးပြုပါသည်။
  • လေ့လာမှု အစီအစဉ်သည် အချက်အလက်များကို Viewpoints နှင့် မျှဝေသည့်အတွက် Viewpoints သည် သင့်အား စည်းမျဉ်းများအောက်တွင်ရှိသော ၀န်ဆောင်မှုကို ပေးနိုင်ပါသည်၊ ဥပမာ သင့်အနေဖြင့် အမှတ်များနှင့် ဆုလက်ဆောင်များ လက်ခံရရှိနိုင်ရန် လေ့လာမှုအစီအစဥ်တွင် သင်သည် ပါ၀င်နေခြင်း ရှိ/ မရှိ ကဲ့သို့ အချက်အလက်ကို လေ့လာမှု မှ Viewpoints နှင့် မျှဝေပါသည်။
  • လေ့လာမှုအစီအစဥ်သည် သင်၏ အချက်အလက်မိတ္တူကို ကျွန်ုပ်၏ ရှုထောင့်စုံ အချက်အလက်အစီရင်ခံစာတစ်ခုကို မည်သို့ တောင်းဆိုနိုင်ပါသလဲမှ တစ်ဆင့် သင်တောင်းဆိုပါက Viewpoints နှင့် အချို့သောအချက်အလက်များကို မျှဝေပေးမည်ဖြစ်သည်။
  • ရှုထောင့်စုံအက်ပ်သို့ မည်သည့် အက်ပ်များ သုံးစွဲမှုဆိုင်ရာအချက်အလက်ကိုမျှ မမျှ၀ေပါ။
Study အတွင်း ပါဝင်နေစဥ် ကျွန်ုပ်၏ ဖုန်းအား အခြားသူများနှင့် မျှဝေနိုင်ပါသလား။

Study အစီအစဉ်အတွင်း ပါဝင်ပတ်သက်နေသူများအနေဖြင့် ၎င်းတို့ဖုန်းအား အခြားသူများနှင့် မျှဝေခြင်း မပြုနိုင်သလို ၎င်းတို့ဖုန်းအား အခြားသူများ ဝင်ရောက်ခြင်း သို့မဟုတ် အသုံးပြုခြင်းအား ခွင့်မပြုသင့်ပါ။

  • သင်၏ဖုန်းကို တစ်စုံတစ်ဦးမှ အသုံးပြုထားကြောင်း ကျွန်ုပ်တို့ တွေ့ရှိပါက ထိုနေ့ရက်တွင် ကောက်ယူထားသော အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုမည်မဟုတ်ဘဲ ထိုအချက်အလက်များကို ဖျက်လိုက်ပါမည်။
  • တစ်ပတ်စာ ပါဝင်မှုအတွက် သင်သည် အမှတ် ၅၀၀ ဆက်လက်ရရှိပါလိမ့်မည်။
  • ရှုထောင့်စုံ အစီအစဉ်များတွင် အချက်အလက်ကောက်ယူမှုနှင့် အသုံးပြုခြင်းအကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ အချက်အလက်ဆိုင်ရာ မူဝါဒတွင် ၀င်ရောက်လေ့လာလိုက်ပါ။
ကျွန်ုပ်၏ ဖုန်းဆက်တင်များတွင် လေ့လာမှုအက်ပ်အတွက် အက်ပ်များ အသုံးပြုမှု ခွင့်ပြုချက်ကို ပိတ်လိုက်ပါက မည်သို့ ဖြစ်လာနိုင်ပါသလဲ။
  • သင့်ဖုန်းဆက်တင်များထဲတွင် လေ့လာမှု အက်ပ်အတွက် အက်ပ် အသုံးပြုမှု ခွင့်ပြုချက်ကို သင် ပိတ်လိုက်ပါက သင့်အား မည်သို့ပြန်ဖွင့်ရမလဲဆိုသည့် လမ်းညွှန်ချက်များကို ပံ့ပိုးပေးပါမည်။
  • သင့်ဖုန်းဆက်တင်များတွင် လေ့လာမှုအက်ပ်အတွက် သင်၏ အက်ပ်များ အသုံးပြုမှု ခွင့်ပြုချက်ကို ပြန်ဖွင့်လိုက်ပါက လွန်ခဲ့သော ရက်အနည်းငယ်မှ အက်ပ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်များ ပါ၀င်နိုင်သည့် အက်ပ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ စတင်စုစည်းပြီး ဆန်းစစ်သုံးသပ်ပါမည်။
အက်ပ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို မည်မျှကြာကြာ ထိန်းသိမ်းပါသလဲ။

လေ့လာမှုအက်ပ်မှတစ်ဆင့် စုစည်းထားသော သင့်အက်ပ် သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို အောက်ပါတစ်ခုခုကို သင်မပြုလုပ်မီအစောပိုင်းကာလမှ ၂ နှစ်တာ ထိန်သိမ်းထားပါမည် -

  • အစီအစဉ် အကျဉ်းချုပ်တွင်ရှိသော 'အစီအစဥ်မှ ထွက်ခွာမည်' ကို နှိပ်ခြင်းဖြင့် လေ့လာမှုအစီအစဥ်တွင် ပါ၀င်မှုကို အဆုံးသတ်ခြင်း။
  • လေ့လာမှုအစီအစဥ်မှ စာရင်းသွင်းမှုကို ရပ်ဆိုင်ခြင်း ("လေ့လာမှုအစီအစဥ်မှ သင်၏ စာရင်းသွင်းမှုအား ဘယ်လို ရပ်ဆိုင်းနိုင်သလဲ။" ကို ကြည့်ပါ)။
Study အစီအစဉ်မှ သင်၏ စာရင်းသွင်းမှုကို ဘယ်လို ရပ်ဆိုင်းနိုင်သလဲ။

ကျွန်ုပ်တို့သည် သင်၏ပါ၀င်မှုကို အချိန်မရွေး အဆုံးသတ်နိုင်ပြီး Study အစီအစဉ်မှ စာရင်းသွင်းမှုကို ရပ်ဆိုင်းနိုင်ပါသည်။ ဤသို့ဖြစ်လျှင် -

  • သင့်အား စာရင်းသွင်းထားခြင်းမှ ရပ်ဆိုင်းလိုက်သည့် မက်ဆေ့တစ်စောင်ကို ရရှိလိမ့်မည်။
  • သင်၏ Viewpoints အက်ပ်တွင် လေ့လာမှုအစီအစဥ်ကို တွေ့မြင်ရတော့မည်မဟုတ်ပဲ လေ့လာမှု အက်ပ်မှ လော့ဂ်အောက်ထွက်ရပါလိမ့်မည်။
  • ရှင်းလင်းမှုရှိစေရန်အတွက် သင့်အနေဖြင့် လေ့လာမှု အက်ပ်သို့ လော့ဂ်အင်ထပ်ဝင်၍ ရတော့မည် မဟုတ်ပါ။
  • ကျွန်ုပ်တို့အနေဖြင့် အက်ပ်အသစ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်ကို လေ့လာဆန်းစစ်လေ့လာမှုမှ ရပ်တန့်လိုက်မည် ဖြစ်ပြီး သင်၏ ယခင် ရက်သတ္တပတ်ပါဝင်မှုများအတွက် ရမှတ် ၅၀၀ ရရှိလိမ့်မည် ဖြစ်ပါသည်။

သင်၏ပါ၀င်မှုကို အဆုံးသတ်နိုင်စေသည့် အကြောင်းပြချက်များတွင် အောက်ပါအချက်အလက်များ ပါ၀င်နိုင်သည် -

  • ထိတွေ့မှုဆိုင်ရာ အကြောင်းပြချက်များ အတွက်၊ ဥပမာ သင်သည် အက်ပ်အသုံးပြုမှု ခွင့်ပြုချက်ကို ပိတ်ထားခြင်း သို့မဟုတ် လေ့လာမှုအက်ပ်ကို ဖြုတ်ထားခြင်း။
  • နောင်လာနောက်သားများကို သုတေသနပြုခြင်း အကြောင်းပြချက်များ အတွက်၊ ဥပမာ သတ်မှတ်ထားသော တည်နေရာတစ်ခုတွင် အလွန်များပြားသော ပါဝင်သူများ ရှိပါက။
လေ့လာမှုအစီအစဥ်မှ သင် ဘယ်လိုထွက်ခွာရမလဲ။

အောက်ဖော်ပြပါ လုပ်ဆောင်ချက်တစ်ခုစီသည် သင့်အား Study အစီအစဥ်မှ ထွက်ခွာသွားစေပါသည် (“အစီအစဥ်မှ သင်ထွက်ခွာလျှင် မည်သို့ဖြစ်လာမလဲ။” ကို ကြည့်ပါ) -

  • Viewpoints အက်ပ်အတွင်း အစီအစဉ် အကျဉ်းချုပ်မှ ‘အစီအစဥ်မှ ထွက်ခွာရန်’ ကို နှိပ်ပြီးလျှင် လေ့လာမှုအစီအစဥ်တွင် သင်၏ပါ၀င်မှုကို အဆုံးသတ်ပါ။
  • Viewpoints အက်ပ်သို့ သွားပြီး သင်၏ အကောင့်ကို ဖျက်လိုက်ပါ။

သင်သည် လေ့လာမှုအက်ပ်ကို ဖြုတ်လိုက်ပါက/ဖျက်လိုက်ပါက သို့မှမဟုတ်လျှင် သင့်ဖုန်းဆက်တင်များတွင် လေ့လာမှုအက်ပ်အတွက် အက်ပ်အသုံးပြုမှု ခွင့်ပြုချက်ကို ပိတ်လိုက်ပါက Viewpoints အက်ပ်သည် သင်၏စာရင်းသွင်းမှုအား မရပ်ဆိုင်းမီအထိ လေ့လာရေးအစီအစဥ်တွင် သင် ပါ၀င်နေဆဲဟု သတ်မှတ်ပါလိမ့်မည် (“လေ့လာမှုအစီအစဥ်မှ သင်၏ စာရင်းသွင်းမှုအား မည်သို့ ရပ်ဆိုင်းနိုင်ပါသလဲ။” ကို ကြည့်ပါ))။ သို့သော်လည်း ကျွန်ုပ်တို့အနေဖြင့် အက်ပ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို စီမံဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ (“ကျွန်ုပ်၏ ဖုန်းဆက်တင်များတွင် လေ့လာမှုအက်ပ်အတွက် အက်ပ်အသုံးပြုမှု ခွင့်ပြုချက်ကို ပိတ်လိုက်ပါက မည်သို့ ဖြစ်လာမလဲ။” ကို ကြည့်ပါ)။

အစီအစဥ်မှ ကျွန်ုပ်ထွက်ခွာပါက မည်သို့ ဖြစ်မည်နည်း။

ရှုထောင့်စုံအက်ပ်မှတစ်ဆင့် အချိန်မရွေး ထိုအစီအစဥ်မှ ထွက်ခွာနိုင်ပါသည်။ အချက်အလက်ကောက်ယူမှုအားလုံးကို အဆုံးသတ်ရန် သင့်ဖုန်းထဲရှိ လေ့လာမှု အက်ပ်ကို ဖြုတ်လိုက်ပါ။

  • ကျွန်ုပ်တို့အနေဖြင့် အက်ပ်အသစ်များ သုံးစွဲမှုဆိုင်ရာ အချက်အလက်ကို လေ့လာဆန်းစစ်လေ့လာမှုမှ ရပ်တန့်လိုက်မည် ဖြစ်ပြီး သင်၏ ယခင် ရက်သတ္တပတ်ပါဝင်မှုများအတွက် ရမှတ် ၅၀၀ ရရှိလိမ့်မည် ဖြစ်ပါသည်။
  • မည်သည့် အက်ပ်မဆို လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချက်အလက်များ လိုအပ်သည်ကို သတိပြုပေးပါ။ ထို့ကြောင့် လေ့လာမှုအက်ပ်ဖြင့် အချက်အလက်ကောက်ယူမှုအားလုံးကို အဆုံးသတ်ရန် သင့်ဖုန်းထဲရှိ လေ့လာမှု အက်ပ်ကို ဖြုတ်လိုက်ပါ။ သင့်ဖုန်းထဲရှိ လေ့လာမှုအက်ပ်ကို မဖြုတ်မချင်း သင့်ဖုန်း၊ ကွန်ရက်အမျိုးအစား နှင့် အခြား သီးခြားသတ်မှတ်ချက်များနှင့် ပတ်သက်သည့် အချက်အလက်များကို ဆက်လက်ကောက်ယူပါမည်။ ဤသည်မှာ လေ့လာမှုအက်ပ်မှ ကိုယ်တိုင်လုပ်ဆောင်ရန်အတွက် လိုအပ်သော အချက်အလက်များဖြစ်သည်။
လေ့လာမှုအက်ပ်ကို ဘယ်လို ဖြုတ်ရမလဲ/ ဖျက်ရမလဲ။

အောက်တွင်ဖော်ပြထားသော အက်ပ်ဖယ်ရှားခြင်းနှင့်ဆိုင်သည့် သမားရိုးကျ နည်းလမ်းများထဲမှ တစ်ခုကို အသုံးပြု၍ သင့်ဖုန်းမှ လေ့လာမှုအက်ပ်ကို ဖယ်ရှားခြင်းဖြင့် ၎င်းကို ဖြုတ်နိုင်ပါသည်/ ဖျက်နိုင်ပါသည် -

  • သင့်ဖုန်းဆက်တင်များမှတစ်ဆင့် လေ့လာမှုအက်ပ်ကို ဖြုတ်ချခြင်း။
  • သင့်ပင်မဖန်သားပြင်ပေါ်ရှိ လေ့လာမှုအက်ပ်ကို ဖိနှိပ်ထားပြီး မီနူးခွဲမှ ပေါ်လာသော “ဖြုတ်ချရန်” ကို ရွေးချယ်ခြင်း။
  • Google Play Store မှတစ်ဆင့် ဖြုတ်ချခြင်း။
  • သင့်ဖုန်း၏ သီးခြားဗားရှင်းတစ်ခုဖြင့် ပိတ်ထား၍ရနိုင်မည့် အခြားနည်းလမ်းများမှ တစ်ဆင့် ဖြုတ်ချခြင်း။
ကျွန်ုပ်၏ Samsung ဖုန်းနောက်ခံတွင် လေ့လာမှုအား လည်ပတ်နေစေရန် ကျွန်ုပ်မည်သို့ ခွင့်ပြုနိုင်ပါသနည်း။

နောက်ခံအတွင်းလည်ပတ်နေစဥ် Meta ၏ Study အား ဘက်ထရီအသုံးပြုခွင့် ပေးထားပါ။

Android 10 သို့မဟုတ် အထက် -

  1. လေ့လာမှုအိုင်ကွန်အထက်တွင် မီနူးလေးတစ်ခုပေါ်လာသည်အထိ လေ့လာမှုအက်ပ်အိုင်ကွန်အား အကြမ်းဖျဥ်းအားဖြင့် ၃ စက္ကန့် ဖိနှိပ်ထားပါ။
  2. အက်ပ် အချက်အလက် ကို ရွေးချယ်ပါ၊ ပြီးလျှင် ဘက်ထရီ ကို ရွေးချယ်ပါ။
  3. ဘက်ထရီအသုံးပြုမှုအား စီမံရန်၏ အောက်တွင်ရှိသော နောက်ခံလုပ်ဆောင်ချက်အား ခွင့်ပြုရန် ကို ဖွင့်ပါ။
  4. နောက်ခံလုပ်ဆောင်ချက်အား ခွင့်ပြုရန် သည် ပုံသေအဖြစ် ပွင့်နေပါက ပိတ်ပြီး ထပ်ဖွင့်ကြည့်ပါ။

Android ၉ (Pie)၊ ၁၀ သို့မဟုတ် ၁၁ အတွက် -

  1. သင်၏ ဖုန်းဆက်တင်များအတွင်း စက်ကိရိယာ ထိန်းသိမ်းမှု ကို နှိပ်ပြီး ဘက်ထရီ ကို ရွေးချယ်ပါ။
  2. အက်ပ်ပါ၀ါစီမံခန့်ခွဲမှု သို့မဟုတ် နောက်ခံတွင် အသုံးပြုမှု ကန့်သတ်ချက်၏ အောက်ရှိ ပိတ်မည်မဟုတ်သော အက်ပ်များ သို့မဟုတ် ဘယ်တော့မှ မပိတ်သော အက်ပ်များ စာရင်း သို့ လေ့လာမှုကို ထည့်သွင်းပါ။

Android 7 (Nougat) သို့မဟုတ် 8 (Oreo) အတွက် -

  1. သင့်ဖုန်းဆက်တင်များအတွင်းရှိ စက်ကိရိယာပြုပြင်ထိန်းသိမ်းမှု ကို နှိပ်ပါ၊ ပြီးလျှင် ဘက်ထရီ ကို ရွေးချယ်ပါ။
  2. ပါဝါချွေတာရန် အောက်ရှိ စောင့်ကြည့်ထားခြင်းမရှိသော အက်ပ်များ စာရင်းသို့ လေ့လာမှုအား ထည့်သွင်းပါ။

Android 6 (Marshmallow) သို့မဟုတ် ၎င်းမတိုင်မီများအတွက် -

  1. သင့်ဖုန်း၏ ဆက်တင်များထဲရှိ အပလီကေးရှင်းများကို နှိပ်ပြီးနောက် more ကို နှိပ်ပါ။
  2. အထူးခွင့်ပြုချက် အောက်ရှိ ဘက်ထရီအသုံးပြုမှုအား ချိန်ညှိရန် ကို နှိပ်ပါ။
  3. စာရင်းအတွင်း Meta ၏ Study ကို ရှာဖွေပြီး ရွေးချယ်ထားခြင်း မရှိကြောင်း သေချာစွာ စစ်ဆေးပါ။

Facebook သည် COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်သော လူများ၏အတွေ့အကြုံများ နှင့် သဘောထားများအပြင် လူမှုကွန်ရက်တွင် သင်ရရှိသော အချက်အလက်များမှ ထိုအတွေ့အကြုံနှင့် သဘောထားအပေါ် သက်ရောက်မှုရှိနိုင်ပုံတို့ကို လေ့လာရန် စစ်တမ်းကောက်ယူမှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

ဤသုတေသနပြုမှုကို လုပ်ဆောင်ရန် နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေရာတွင်အကူအညီဖြစ်စေရန် Facebook နှင့် Instagram ပေါ်ရှိ အချို့သောသင်၏ လုပ်ဆောင်ချက်များ (အောက်တွင်ဖော်ပြထားသည့်အတိုင်း) ကို ပေါင်းစပ်ပြီး သင့်စစ်တမ်းတုံ့ပြန်မှုများမှ ရရှိသော အသေးစိတ်အစီရင်ခံစာများကို ဆန်းစစ်လေ့လာပါမည်။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရှုထောင့်စုံ အချက်အလက်ဆိုင်ရာ မူဝါဒရှုထောင့်စုံ ၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ၊ အစီအစဉ် အကျဥ်းချုပ်တွင် သင့်အား ပြသထားသော အချက်အလက်များနှင့် ဤအကူအညီစင်တာ စာစောင်တွင် သင့်အားပေးခဲ့သော အချက်အလက်များ အတိုင်း စီစဥ်ဆောင်ရွက်ပါလိမ့်မည်။

ကျွန်ုပ်ဘယ်လို အမှတ်မျိုး ရမလဲ။

သင်ပြီးမြောက်ခဲ့သော စစ်တမ်းတစ်ခုစီတိုင်းအတွက် အမှတ်များ (စစ်တမ်းမတိုင်မီသင့်အားကြိုတင်ပြသထားမည်ဖြစ်သော စစ်တမ်းတစ်ခုအတွက် ၂၀၀ မှ ၄၀၀ အကြားရှိသည့် အမှတ်များ) ကို ရရှိပါမည်။ အစီအစဉ်တစ်ခုလုံး ပြီးမြောက်မှုအတွက် စုစုပေါင်းအမှတ် ၂၀၀၀ ရရှိပါမည်။

စစ်တမ်းတုံ့ပြန်မှုများရှိ ထိခိုက်လွယ်သောအချက်အလက်များကို Facebook က ဘယ်လိုအသုံးပြုပါသလဲ။

ရှုထောင့်စုံရှိ COVID-19 ကာကွယ်ဆေးစစ်တမ်း အစီအစဉ်တွင်ပါသော အချို့သော မေးခွန်းများသည် သင့်အား ကျန်းမာရေး၊ ကိုးကွယ်မှုဘာသာ၊ လူမျိုး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အတွေးအမြင်နှင့် ဆိုင်သော အချက်အလက်များ ပေးရန် တောင်းဆိုပါလိမ့်မည်။ ဤသို့ဖြင့် သင်၏ စစ်တမ်းတုံ့ပြန်မှုများ ကောက်ယူရန်နှင့် စိစစ်သုံးသပ်ရန်အတွက် သင်၏ရှင်းလင်းပြတ်သားသော သဘောတူညီချက် အပေါ်တွင အမှီပြုပါမည်။ လူများတွေ့ကြုံရသော လူမှုကွန်ရက်မှ အချက်အလက်များသည် COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်သော ၎င်းတို့၏အတွေ့အကြုံအပေါ် သက်ရောက်မှုရှိပုံကို လေ့လာရန် Facebook နှင့် Instagram ပေါ်ရှိသင်၏ အချို့သော လုပ်ဆောင်ချက်များဖြင့် ပေါင်းစပ်ပြီး သင်၏ စစ်တမ်း တုံ့ပြန်မှုများကို ကျွန်ုပ်တို့ ဆန်းစစ်လေ့လာပါမည်။ ဤရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့အနေဖြင့် -

  • COVID-19 ကာကွယ်ဆေးနှင့် ဆက်စပ်သော ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် စျေးကွက်သတင်းစကား အပေါ် သက်ရောက်မှုကို ဆန်းစစ်လေ့လာပါမည်။
  • Facebook နှင့် Instagram ပေါ်တွင် ရရှိနိုင်သော COVID-19 ကာကွယ်ဆေးများ၊ အခြားကာကွယ်ဆေးများ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျန်းမာစွာနေထိုင်ခြင်း တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာနှင့် ထိတွေ့မှု အဆင့်များကို နှိုင်းယှဉ်ပါမည်။
  • Facebook နှင့် Instagram ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ အကြောင်းအရာ နှင့် အပြုအမူသည် လူထုကျန်းမာရေး သဘောထားများနှင့် ဆုံးဖြတ်ချက်ချခြင်းများအပေါ် မည်ကဲ့သို့ သက်ရောက်ရှိနိုင်ကြောင်း နားလည်ပါလိမ့်မည်။
  • ဤရှာဖွေတွေ့ရှိမှုများအပေါ် အခြေခံပြီး ကျွန်ုပ်တို့၏ ထုတ်ကုန်များ နှင့် စျေးကွက်သတင်းစကား အရည်အသွေး နှင့် ၎င်းတို့ကို မြှင့်တင်ရန် သို့မဟုတ် ဖယ်ရှားရန် အကဲဖြတ်ပါမည်။
  • ပြင်ပ ပညာရှင်သုတေသီများဖြင့် အမည်မပါ၀င်သောအချက်အလက်များ မမျှ၀ေမီ သင်ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် မည်သည့်အချက်အလက်ကိုမဆို ဖယ်ရှားပါမည်။
ရှုထောင့်စုံအက်ပ်ရှိ အစီအစဉ် အကျဉ်းချုပ် သို့မဟုတ် ကိုယ်ရေးလုံခြုံမှု နှင့် အချက်အလက်ဆိုင်ရာဆက်တင်များတွင် သဘောတူညီချက်ကို ပြန်လည်ရုတ်သိမ်းနိုင်ပြီး စစ်တမ်းအချက်အလက်များကို ဖျက်နိုင်ပါသည်။
ဤသုတေသနအတွက် ကျွန်ုပ်၏ Facebook နှင့်/ သို့မဟုတ် Instagram အကောင့်မှ အချက်အလက်များကို Facebook က ဘယ်လိုအသုံးပြုပါသလဲ။

ဤအစီအစဥ်တွင် သင်ပါ၀င်ရန် နှင့် ကျွန်ုပ်တို့အတွက် သုတေသနပြုလုပ်ရန် သင်၏ စစ်တမ်းတုံ့ပြန်မှုများနှင့်အတူ သင်၏ Facebook နှင့် Instagram အကောင့်များမှ တိကျသေချာသော အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့ ကောက်ယူပြီး ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။ Facebook နှင့် Instagram ပေါ်ရှိ COVID-19 ကာကွယ်ဆေးများနှင့် သက်ဆိုင်သော ထုတ်ကုန်များနှင့် စျေးကွက်သတင်းစကားအပေါ်သက်ရောက်မှုကို ပိုမိုနားလည်ရန်၊ ပို၍များပြားသော လူဦးရေကို ထင်ဟပ်စေသည့် အသေးစိတ်အစီရင်ခံစာကို ဖန်တီးရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို မြှင့်တင်ရန်အတွက် အကူအညီဖြစ်စေမည့် ဤအချက်အလက်များကို ကျွန်ုပ်တို့ လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ဖုန်းထဲရှိ Facebook နှင့် Instagram အကောင့်များ စစ်ဆေးရန် အတွက် သင်၏ Facebook မိသားစု၀င် ကိရိယာ အိုင်ဒီ ကို အသုံးပြုပြီး ရယူပါသည်။ အခြားအကောင့်များနှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးရန် Facebook မှ သင်၏ ရှုထောင့်စုံအကောင့် အသေးစိတ်အချက်အလက်များကို အသုံးပြုပါမည်။ Facebook ဖြင့် လော့ဂ်အင်ဝင်ပြီး ရှုထောင့်စုံအကောင့်တစ်ခုကို သင်ဖန်တီးခဲ့လျှင် သို့မဟုတ် သင်၏ Facebook သို့မဟုတ် Instagram အကောင့်များကို အကောင့် စင်တာတွင် ပေါင်းထည့်ခဲ့လျှင် သင်၏ ရှုထောင့်စုံအကောင့်များကို ကျွန်ုပ်တို့ တိုက်ကြည့်နိုင်ပါသည်။

အောက်ပါအချက်အလက်များကို သင်၏ Facebook နှင့် Instagram အကောင့်များမှ ကျွန်ုပ်တို့ ကောက်ယူမည်ဖြစ်ပြီး လူများတွေ့ကြုံရသော လူမှုကွန်ရက်မှ အချက်အလက်များသည် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်သော ၎င်းတို့၏အတွေ့အကြုံအပေါ်မည်သို့ သက်ရောက်မှုရှိသလဲဆိုတာကို သုတေသနပြုလုပ်ရန် သင်၏ စစ်တမ်း တုံ့ပြန်မှုများနှင့်အတူ ဆန်းစစ်လေ့လာပါမည်။

  1. လူမှုရေးရာဆိုင်ရာ အချက်အလက်များ - သင်၏ Facebook နှင့် Instagram အကောင့်တို့နှင့် ဆက်နွယ်နေသည့်အသက်၊ ကျား/ မ၊ တည်နေရာ အချက်အလက်များ။
  2. အကောင့်ဖန်တီးမှု - Facebook သို့မဟုတ် Instagram ကို ၀င်ရောက်ရန် ဖိတ်ခေါ်ခံရသည့် ရက်စွဲ၊ အကောင့်တစ်ခုကိုဖန်တီးခဲ့သည့်အချိန် နှင့် သင့်အကောင့် အတည်ပြုခံရသည့်အချိန်။
  3. အက်ပ် နှင့် ကိရိယာ စိတ်ကြိုက်သတ်မှတ်ချက်များ - ဖုန်းမော်ဒဘ်လ်၊ Facebook သို့မဟုတ် Instagram ကို ၀င်ရောက်အသုံးပြုရန် သင်အသုံးပြုသည့် လည်ပတ်မှုစနစ် သို့မဟုတ် ၀က်ဘ် ဘရောက်ဇာ၊ သင်၏ပင်မ ကိရိယာ၊ နှင့် သင့်ဦးစားပေး ဘာသာစကားဆက်တင်များ။
  4. အက်ပ်ထိတွေ့တုံ့ပြန်မှုများ၊ အကြောင်းအရာ ထိတွေ့မှု နှင့် သင်၏ Facebook နှင့် Instagram အကောင့်များမှ ဆင့်ပွား အချက်အလက်များ ဖြစ်သည့် -
  • သင်၌ရှိသော သူငယ်ချင်းများ နှင့် စောင့်ကြည့်သူ အရေအတွက်။
  • သင်စောင့်ကြည့်သော စာမျက်နှာများ နှင့် လူ အမျိုးအစားနှင့် အရေအတွက်။ ဥပမာ အစားအစာအကြောင်း သင်စောင့်ကြည့်သော စာမျက်နှာများ ဖြစ်စေ သင်စောင့်ကြည့်သော လူမှုကွန်ရက် သြဇာလွှမ်းမိုးသူများဖြစ်စေ ထိုအရာများနှင့်သက်ဆိုင်သော အချက်အလက်များ။
  • သင်ပါ၀င်နေသော အဖွဲ့များ။
  • COVID-19 နှင့် အခြား ကျန်းမာရေးနှင့် ဆက်စပ်သောအကြောင်းအရာတို့ဖြင့် သင်၏ ထိတွေ့မှု နှင့် ပတ်သက်မှု။
  • သင့်တွင် ကိုယ်ရေးမှတ်တမ်းဓာတ်ပုံတစ်ခု ရှိ/ မရှိ။
  • သင်၏ စိတ်ဝင်စားမှုများ။
  • သင့်နှင့်ပတ်သက်သော ကျွန်ုပ်တို့ရယူသည့် အချက်အလက်များ။
  • Facebook နှင့် Instagram ကို ၀င်ရောက်သုံးစွဲသည့် ရက်စွဲများနှင့် အက်ပ်တစ်ခုစီတိုင်းရှိ သင်၏လုပ်ဆောင်ချက်အဆင့်များနှင့် ပတ်သက်သော အချက်အလက်များ။
သင်၏ Facebook နှင့် Instagram အက်ပ် ထိတွေ့မှုများ နှင့် အကြောင်းအရာ ထိတွေ့မှုကို ပေါင်းစည်းပြီး Facebook မှ သုတေသနပြုလုပ်ရန်အတွက် ဆန်းစစ်မှုမပြုလုပ်မီ ကောက်ယူထားသော အချက်အလက်များ။
ကျွန်ုပ်၏ COVID-19 ကာကွယ်ဆေးစစ်တမ်း တုံ့ပြန်မှုများ အသုံးပြုခြင်းအတွက် သဘောတူညီမှုကို ပြန်ရုတ်သိမ်းပါက မည်သို့ ဖြစ်လာနိုင်မလဲ။

Viewpoints အက်ပ်ရှိ အစီအစဉ် အကျဉ်းချုပ် မျက်နှာပြင် သို့မဟုတ် ကိုယ်ရေးလုံခြုံမှု နှင့် အချက်အလက် ဆက်တင်များမှတစ်ဆင့် သင်၏ စစ်တမ်းအတွက် တုံ့ပြန်မှုများပေးခြင်း သဘောတူညီမှုကို အချိန်မရွေး ပြန်ရုတ်သိမ်းနိုင်ပါသည်။ ပြန်ရုတ်သိမ်းပြီးနောက် ထိခိုက်လွယ်သောအချက်အလက်များအပါအ၀င် သင်၏စစ်တမ်းတုံ့ပြန်မှုများ ကို အသုံးပြုရန်အတွက် ရှုထောင့်စုံအား ခွင့်ပြုရန် သဘောတူညီချက်ကို သင်ပြန်ရုတ်သိမ်းပါက ထိုအစီအစဥ်မှ သင်ထွက်ခွာရမည်ဖြစ်ပြီး သင့်အစီအစဥ် အချက်အလက်များလည်း အဖျက်ခံရကာ Facebook နှင့် Instagram မှ သင်၏အချက်အလက်များကို ဆန်းစစ်လေ့လာမှုပြုလုပ်တော့မည်မဟုတ်ပါ။

  • ရက် ၉၀ အတွင်း ထိုအစီအစဥ်အတွက် သင်၏အစီအစဥ်အချက်အလက်များကို ကျွန်ုပ်တို့ ဖျက်လိုက်ပါမည်။ သုတေသန ရည်ရွယ်ချက်များအတွက် ထိုအချက်အလက်များကို ဆန်းစစ်လေ့လာခဲ့ပြီး ဖြစ်နိုင်ပါသည်။
  • သင်ရရှိခဲ့ပြီးသော မည်သည့်အမှတ်များ သို့မဟုတ် ဆုကြေးများကို မဆို သိမ်းထားနိုင်ပါသည်။
  • သင်၏သဘောတူညီချက်ကို ပြန်ရုတ်သိမ်းလျှင် ၎င်းသည် အခြား Viewpoints အစီအစဉ်များတွင် ပါ၀င်ရန် သင်၏သတ်မှတ်ချက်ပြည့်မီမှုကို သက်ရောက်မှု တစ်စုံတစ်ရာမရှိပါ။
COVID-19 ကာကွယ်ဆေးစစ်တမ်း အစီအစဉ်ရှိ စစ်တမ်းတုံ့ပြန်မှုများ နှင့် အခြားပေးထားသော အချက်အလက်များအားလုံးကို Facebook မှ အသုံးပြုပုံကို နေရာတွင် ကြည့်ပါ -
  • သင်၏ စစ်တမ်းတုံ့ပြန်မှုများကို လုံခြုံစွာ သိမ်းဆည်းထားပြီး Facebook ရှိ ရှုထောင့်စုံ ပလက်ဖောင်းတွင် လုပ်ကိုင်သူ သို့မဟုတ် ထိုသုတေသန ပြုလုပ်နေသည့် ရွေးချယ်ထားသော အဖွဲ့တစ်ခုကိုသာ ၀င်ရောက်အသုံးပြုခွင့် ကန့်သတ်ထားပါသည်။
  • သင်နောက်ဆုံးပြီးမြောက်သော စစ်တမ်း၏ ရက်စွဲမှစ၍ ၂ နှစ်ခွဲ အချိန်ကာလအထိ သင်၏ အစီအစဉ်အချက်အလက်များကို အမည်ဖျောက်ထားပြီး ကျွန်ုပ်တို့ ထိန်းသိမ်းထားပါမည်။ လူများ လူမှုကွန်ရက်ပေါ်တွင် ရရှိသည့် အချက်အလက်များသည် COVID-19 ကာကွယ်ဆေး နှင့် အခြားကာကွယ်ဆေးများနှင့်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး ရေရှည်နှင့် ရေတို လေ့လာရန်အတွက် ဤစစ်တမ်းတုံ့ပြန်မှုများကို ထိန်းသိမ်းထားပါသည်။ ဤကာလပြီးဆုံးပြီးနောက် သင်၏ စစ်တမ်းတုံ့ပြန်မှုများ၏ အမည်ကို ၀ှက်ထားပါမည်။
  • ထိုအစီအစဥ်ရှိ မေးခွန်းများအပေါ် သင်၏တုံ့ပြန်မှုများအားသင်၏အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် သို့မဟုတ် Facebook နှင့် Instagram ရှိ သင် နှင့် အခြားသူများအတွက် ကြော်ငြာ ပြသရန် သို့မဟုတ် ကြော်ငြာ မြှင့်တင်ရန် အတွက် အသုံးပြုမည်မဟုတ်ပါ။
  • ဤသုတေသန၏ အစိတ်အပိုင်းအဖြစ် ပြင်ပ ပညာရှင်သုတေသီများထံ သင်၏ အစီအစဉ်အချက်အလက်များကို မမျှေ၀ေမီ Facebook မှ ၎င်းတို့၏ အမည်ကို ၀ှက်ထားပါမည်။ ရှုထောင့်စုံတွင် သင်၏အချက်အလက်များကို Facebook မှ စီမံဆောင်ရွက်ပုံနှင့် ပတ်သက်သော နောက်ထပ်အချက်အလက်များရယူရန်အတွက် ကျေးဇူးပြု၍ ရှုထောင့်စုံ အချက်အလက်ဆိုင်ရာ မူဝါဒ ကို ကြည့်လိုက်ပါ။

ငွေပေးချေမှုများ

သင် Facebook Viewpoints တွင် ပါဝင်သည့်အခါ သင် ငွေပေးချေမှုတစ်ခု လက်ခံရရှိရန် လိုအပ်‌သော ရမှတ်အား သင့်ကို ကျွန်ုပ်တို့ အသိပေးပါမည်။

သင်၏ Facebook Viewpoints အကောင့်သို့ ချိတ်ဆက်ထားသော ငွေပေးချေမှုအကောင့်အမျိုးအစားပေါ် မူတည်ပြီး သင့်ငွေပေးချေမှုအား PayPal အကောင့်တွင် တိုက်ရိုက်လက်ခံရရှိနိုင်သလို သင်၏ Perks WW ဆုလာဘ်အကောင့်မှလည်း လက်ခံရရှိနိုင်ပါသည်။

ငွေပေးချေမှုလက်ခံရရှိရန် ကြာမြင့်ချိန်သည် သင်၏ ရှုထောင့်စုံ အကောင့်သို့ ချိတ်ဆက်ထားသည့် ငွေပေးချေမှုအကောင့် အမျိုးအစားအပေါ် မူတည်ပါသည်။

  • PayPal -သင်၏ ငွေပေးချေမှုအား ရှုထောင့်စုံရှိ သင်၏ ဆုကြေးကိုလဲလှယ်ယူပြီး ၇ ရက် မှ ၁၀ ရက်အတွင်း သင့် PayPal အကောင့်တွင် လွှဲပြောင်းလက်ခံရရှိသင့်ပါသည်။
  • Perks WW -သင်၏ ငွေပေးချေမှုအား ရှုထောင့်စုံရှိ သင်၏ ဆုကြေးကို လဲလှယ်ယူပြီး ၁ ရက် မှ ၃ ရက်အတွင်း သင့် Perks WW ဆုကြေးအကောင့်တွင် လွှဲပြောင်း လက်ခံရရှိသင့်ပါသည်။
  • Tremendous: -Tremendous သည် သင်၏ ငွေပေးချေမှုကို ရှုထောင့်စုံရှိ သင်၏ဆုကြေးအား လဲလှယ်ယူပြီး ၃ ရက်အတွင်း ပေးပို့ပါလိမ့်မည်။

    သင်၏ ငွေပေးချေမှုကို Viewpoints အကောင့်ဖွင့်စဥ်က သင်ပထမဆုံးအတည်ပြုခဲ့သော အီးမေး သို့မဟုတ် ဖုန်းနံပါတ်သို့ ပေးပို့ပါမည်။ Viewpoints အက်ပ်ရှိ သင်၏ ငွေချေမှုဆိုင်ရာဆက်တင်များတွင် သင်၏ ငွေပေးချေမှုများကို ပေးပို့မည့် ဖုန်းနံပါတ် သို့မဟုတ် အီးမေးကို တွေ့နိုင်ပါသည်။

ငွေပေးချေမှုတစ်ခု ရယူရန်အတွက် ရှုထောင့်စုံရှိ သင်၏ ဆုကြေးကို အရင်ဆုံး လဲလှယ်ယူဖို့လိုပါမည်။ သင့်ဆုကြေးကို လဲလှယ်ယူပြီးနောက် ၎င်းကိုရယူရမည့်နည်းလမ်းမှာ သင်၏ ရှုထောင့်စုံအကောင့်နှင့်ချိတ်ဆက်ထားသော ငွေပေးချေမှုအကောင့်အမျိုးအစားပေါ်တွင် မူတည်ပါမည်။

  • PayPal - သင်၏ ငွေပေးချေမှုအား PayPal အကောင့်သို့ တိုက်ရိုက်ပေးပို့လိုက်ပါမည်။ ငွေပေးချေမှုများအား လက်ခံရယူရန်အတွက် သင်၏ PayPal အကောင့်အား စိစစ်အတည်ပြုရန် လိုအပ်ပါလိမ့်မည်။ ငွေပေးချေမှုများအား စိစစ်အတည်ပြုပြီး PayPal အကောင့်ထံသို့သာ ပေးပို့နိုင်ပါသည်။
  • Perks WW - သင်၏ ငွေပေးချေမှုအား သင်၏ Perks WW ဆုလာဘ်အကောင့်သို့ တိုက်ရိုက်ပေးပို့ပါလိမ့်မည်။ ငွေပေးချေမှုများအား လက်ခံရယူရန်အတွက် သင်၏ Perks WW ဆုလာဘ်အကောင့်အား ဖန်တီးမှု အပြီးသတ်ထားရန် လိုအပ်ပါလိမ့်မည်။
  • Tremendous -သင်၏ ငွေပေးချေမှုကို Viewpoints အကောင့်ဖွင့်စဥ်က သင်ပထမဆုံးအတည်ပြုခဲ့သော အီးမေး သို့မဟုတ် ဖုန်းနံပါတ်သို့ ပေးပို့ပါမည်။ Viewpoints အက်ပ်ရှိ သင်၏ ငွေချေမှုဆိုင်ရာဆက်တင်များတွင် သင်၏ ငွေပေးချေမှုများကို ပေးပို့မည့် ဖုန်းနံပါတ် သို့မဟုတ် အီးမေးကို တွေ့နိုင်ပါသည်။

ရှုထောင့်စုံပေါ်ရှိ သင်၏ ပထမဆုံးအစီအစဥ်သို့ မှတ်ပုံတင်စာရင်းသွင်းသည့်အခါ PayPal အား ငွေပေးချေမှုနည်းလမ်းတစ်ခုအဖြစ် ရွေးချယ်နိုင်ပါက အစီအစဥ်သို့ မပါဝင်မီတွင် သင်၏ PayPal အကောင့်သို့ ချိတ်ဆက်ရန်အတွက် သင့်အား တိုက်တွန်းနိုင်ပါသည်။

သင်၏ PayPal အကောင့်သို့ ချိတ်ဆက်ရာတွင် ပြဿနာကြုံနေရပါက PayPal အကူအညီစင်တာ သို့ သွားရောက်ပေးပါ။

၎င်းသည် သင်၏ ရှုထောင့်စုံအကောင့်သို့ ချိတ်ဆက်ထားသည် ငွေပေးချေမှုအကောင့်အမျိုးအစား အပေါ်တွင်လည်း မူတည်နိုင်ပါသည်။

  • PayPal -ငွေပေးချေမှု သင်လက်ခံရရှိသည့်အခါတိုင်း ငွေပေးချေမှုအတည်ပြုချက်ကို အီးမေး၊ ဖုန်းနံပါတ် နှင့်/သို့မဟုတ် ရှုထောင့်စုံ အက်ပ်ရှိ သင်၏ မက်ဆေ့များတွင် ပေးပို့ပါမည်။ ဆုကြေးများတွင်လည်း ငွေပေးချေမှု အသေးစိတ်အချက်လက်များကို ရှာတွေ့နိုင်ပါသည်။
  • Perks WW - ရှုထောင့်စုံတွင် သင်၏ဆုကြေးကို လဲလှယ်ယူသည့်အခါ Perks WW သည် သူတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ ဆုကြေးများကို သင်အသုံးပြု၍ရသည်နှင့်တစ်ပြိုင်နက် သင့်ထံ အီးမေးတစ်စောင်ပေးပို့ပါလိမ့်မည်။
  • Tremendous -ရှုထောင့်စုံတွင် သင်၏ဆုကြေးကို လဲလှယ်ယူသည့်အခါ Tremendous သည် သူတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ ဆုကြေးများကို သင်အသုံးပြု၍ရသည်နှင့်တစ်ပြိုင်နက် အီးမေး သို့မဟုတ် SMS တစ်စောင် ပေးပို့ပါလိမ့်မည်။

၎င်းသည် သင်၏ ရှုထောင့်စုံအကောင့်သို့ ချိတ်ဆက်ထားသည် ငွေပေးချေမှုအကောင့်အမျိုးအစား အပေါ်တွင်လည်း မူတည်နိုင်ပါသည်။

  • PayPal - သင့်ငွေပေးချေမှုအား စီမံဆောင်ရွက်နေသည်မှာ ၁၀ ရက်ကျော်နေခဲ့ပြီဖြစ်ခြင်း၊ သို့မဟုတ် သင့် ငွေပေးချေမှုကို စီမံဆောင်ရွက်ရာတွင် ပြဿနာရှိနေကြောင်း ဆိုထားသည့် အီးမေး သို့မဟုတ် တွန်းပို့အသိပေးချက်တစ်ခု ရရှိခဲ့ခြင်းတို့ ရှိပါက သင်၏ PayPal အကောင့်အား အတည်ပြုစစ်ဆေးထားခြင်း ရှိ/ မရှိ နှင့် သင်၏ PayPal အီးမေးအား အတည်ပြုထားခြင်း ရှိ/ မရှိ စစ်ဆေးပေးပါ။

    PayPal ဆိုင်ရာ နောက်ထပ်မေးခွန်းများအတွက် PayPal အကူအညီစင်တာ သို့ သွားရောက်ပေးပါ။ ပြဿနာများဆက်လက်ကြုံတွေ့နေရပါက အက်ပ်မှတစ်ဆင့် ရှုထောင့်စုံ ငွေပေးချေမှုဆိုင်ရာ အကူအညီဝန်ဆောင်မှု ထံ ဆက်သွယ်ပါ။

  • Perks WW - သင့် Perks WW ဆုလာဘ်အကောင့်သို့ ငွေပေးချေမှုရောက်ရှိနိုင်ရန်အတွက် ၃ ရက်အထိ ကြာမြင့်နိုင်ပါသည်။ သင့်ငွေပေးချေမှုအား စီမံဆောင်ရွက်နေခဲ့သည်မှာ ၃ ရက်ကျော်သွားခဲ့ခြင်း၊ သို့မဟုတ် သင့်ငွေပေးချေမှုနှင့် ပတ်သက်ပြီး ပြဿနာရှိနေကြောင်း ဆိုထားသည့် အီးမေး သို့မဟုတ် တွန်းပို့အသိပေးချက်ရရှိခဲ့ပါက သင့် Perks WW ဆုလာဘ်အကောင့်အား ပြီး‌မြောက်အောင် ဖန်တီးခဲ့မှု ရှိ/ မရှိ စစ်ဆေးပါ။ Perks WW နှင့်စပ်ဆိုင်သော မေးခွန်းများအတွက် Perks WW အကူအညီစင်တာသို့ သွားရောက်ပါ။
  • Tremendous - Tremendous အနေဖြင့် သင်၏ ငွေပေးချေမှုကို သင့်အီးမေး သို့မဟုတ် ဖုန်းနံပါတ်သို့ ပေးပို့ရန်အတွက် အချိန် ၃ ရက်အထိ ယူနိုင်ပါသည်။ သင့်ငွေပေးချေမှုအား စီမံဆောင်ရွက်နေခဲ့သည်မှာ ၃ ရက်ကျော်သွားခဲ့ပါက သို့မဟုတ် သင့်ငွေပေးချေမှုကို စီမံဆောင်ရွက်နေစဥ် ပြဿနာရှိနေကြောင်း ဆိုထားသည့် အသိပေးချက်တစ်ခုကို သင်ရရှိခဲ့ပါက help@tremendous.com သို့ အီးမေးပို့ပါ။

သင့်အား အသုံးပြုရန် ကမ်းလှမ်းထားသော ငွေပေးချေမှုနည်းလမ်းအပေါ်မူတည်ပြီး PayPal၊ Perks WW သို့မဟုတ် Tremendous မှတစ်ဆင့် ငွေပေးချေမှုများကို လက်ခံရယူနိုင်ပါသည်။

ကိုယ်ရေးလုံခြုံမှုနှင့် အချက်အလက်

အစီအစဥ်တစ်ခုစီ (စစ်တမ်းများ၊ အလုပ်တာဝန်များနှင့် သုတေသန) မှ ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်သည် ပိုမိုကောင်းမွန်သော အက်ပ်များနှင့် ဝန်ဆောင်မှုများအား ဖန်တီးတည်ဆောက်နိုင်ရန် ကျွန်ုပ်တို့အား အကူအညီပေးပြီး လူမှုအဖွဲ့အစည်းအား အကျိုးရှိစေပါသည်။ အစီအစဥ်တစ်ခုစီမတိုင်မီတွင် အစီအစဥ်မှ ကောက်ယူမည့် အချက်အလက်နှင့် ၎င်းတို့အား သုံးစွဲမည့်ပုံစံကို ကျွန်ုပ်တို့ ရှင်းပြပါသည်။ ၎င်းတို့သည် သင့်အား ကျိုးကြောင်းသိရှိသော ဆုံးဖြတ်ချက်များ ချရာတွင် အကူအညီပေးနိုင်ပါသည်။

ပိုမိုလေ့လာရန် ကျွန်ုပ်တို့၏ အချက်အလက်မူဝါဒ ကို ကြည့်ရှုပါ။

မမြင်နိုင်ပါ။ သင်၏ Viewpoints အချက်အလက်များအား သင်၏အခြား Facebook ကုမ္ပဏီထုတ်ကုန်များပေါ်တွင် အများသူငှာ မြင်နိုင်အောင်မျှဝေသွားမည် မဟုတ်ပါ။ ဤအက်ပ်ပေါ်မှ သတင်းအချက်အလက်များကို အခြားကြားခံပြင်ပအဖွဲ့များထံသို့လည်း ကျွန်ုပ်တို့ မရောင်းပါ။

ရှုထောင့်စုံ၏ အချက်အလက်ဆိုင်ရာ ကျင့်သုံးမှုများနှင့် ပတ်သက်ပြီး နောက်ထပ်အချက်အလက်များ ရယူလိုပါက ကျွန်ုပ်တို့၏ အချက်အလက်ဆိုင်ရာ မူဝါဒကို ကြည့်ပါ။

သင်၏ ရှုထောင့်စုံ အကောင့်အား ဖျက်လိုက်ပါက အောက်ပါတို့ ဖြစ်ပေါ်လာပါမည် -

  • သင်၏ PayPal အသေးစိတ်အချက်အလက်များအား တစ်ချိန်ချိန်တွင် ထည့်သွင်းထားခဲ့ဖူးပါက အကောင့်သစ်အား တစ်နှစ်ကာလအထိ ပြန်လည်ဖန်တီးနိုင်ဦးမည် မဟုတ်ပါ။
  • PayPal အသေးစိတ်အချက်အလက်များအား ထည့်သွင်းထားခဲ့ဖူးခြင်းမရှိပါက အကောင့်အသစ်အား ရက် ၃၀ ကြာသည်အထိ ဖန်တီးနိုင်ဦးမည် မဟုတ်ပါ။
  • သင်လက်ခံရရှိပြီးသား ငွေပေးချေမှုများကို သိမ်းထားပါမည်။
  • သင့်အစီအစဥ်မှတ်တမ်းနှင့် ဆုကြေးမှတ်တမ်းတို့အား ကြည့်ရှုရန်အတွက် သင်၏ ရှုထောင့်စုံ အကောင့်အတွင်းသို့ လော့ဂ်အင်ဝင်ရောက်နိုင်တော့မည် မဟုတ်ပါ။ ထို့အပြင် သင့်ရမှတ်များကိုလည်း ဆုံးရှုံးသွားပါလိမ့်မည်။
  • ရှုထောင့်စုံမှ အီးမေးများ၊ စာသားမက်ဆေ့များ သို့မဟုတ် တွန်းပို့အသိပေးချက်များ ရရှိတော့မည် မဟုတ်ပါ။
  • မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် ကန့်သတ်အချက်အလက်အချို့ကို ကျွန်ုပ်တို့၏ ရှုထောင့်စုံ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်ရာဥပဒေများဖြင့် လျော်ညီစွာ ဆက်လက်ထိန်းသိမ်းထားမှု ရှိနိုင်ပါသည်။
ရှုထောင့်စုံမှ ကောက်ယူသော အချက်အလက်များနှင့် ပတ်သက်သည့် ‌နောက်ဆက်တွဲ အချက်အလက်များအတွက် ကျွန်ုပ်တို့၏ အချက်အလက်မူဝါဒ ကို ကြည့်ရှုပါ။

သင်အစီအစဥ်တစ်ခုအတွင်း ပါဝင်နေခြင်းမရှိသည့်အချိန်တွင် အက်ပ်အား လည်ပတ်နေစေရန် သင့်စက်ကိရိယာအကြောင်း၊ ကွန်ရက်အမျိုးအစားအကြောင်းနှင့် အခြားသီးခြားထုတ်ဖော်နိုင်သည့်အချက်အလက်များဆိုင်ရာ သတင်းအချက်အလက်များကို ကောက်ယူပါသည်။ သင်အစီအစဥ်တစ်ခုစီအတွင်း မပါဝင်မီတွင် အစီအစဥ်မှ ကောက်ယူသော အချက်အလက်များနှင့် အသုံးပြုပုံအား ကျွန်ုပ်တို့ ရှင်းပြပါမည်။ Facebook Viewpoints အစီအစဥ်များအတွင်းရှိ အချက်အလက်ကောက်ယူမှုများအကြောင်း ပိုမိုလေ့လာလိုပါက ကျွန်ုပ်တို့၏ အချက်အလက်မူဝါဒ သို့ သွားရောက်ပေးပါ။

မည်သည့်အချိန်တွင်မဆို သင်ပါ၀င်ခဲ့သော စစ်တမ်းအစီအစဉ်များမှသဘောတူညီချက်ကို ပြန်ရုတ်သိမ်းနိုင်ပြီး စစ်တမ်းအချက်အလက်များကို ဖျက်နိုင်ပါသည်။

စစ်တမ်းအစီအစဥ်တစ်ခုမှ သဘောတူညီချက်ကို ပြန်ရုတ်သိမ်းရန် -

  1. iOS သို့မဟုတ် Android အတွက် ရှုထောင့်စုံ အက်ပ်ကိုဖွင့်ပါ။
  2. အကောင့် ကို နှိပ်ပါ။
  3. ကိုယ်ရေးလုံခြုံမှု နှင့် အချက်အလက်များ ကို နှိပ်ပါ။
  4. သဘောတူညီချက် ပြန်ရုတ်သိမ်းရန် ကို နှိပ်ပါ။
  5. သင်အနေဖြင့် သဘောတူညီချက်ပြန်ရုတ်သိမ်းလိုပြီး အချက်အလက်ဖျက်လိုသော သင်ပါ၀င်ခဲ့သည့် စစ်တမ်းအစီအစဥ်ကို ရွေးချယ်ပါ။
  6. သဘောတူညီချက် ပြန်ရုတ်သိမ်းရန် ကို နှိပ်ပါ။